9/14/2016

♪ " TP-Link မှ Neffos X1 နှင့် Neffos X1 Max စမတ်ဖုန်းများအား ပြသခဲ့ " ♫


TP-Link သည် wireless network ပစ္စည်းများနှင့်သာ လူသိများသော်လည်း ယခုအခါ Neffos စမတ်ဖုန်းသစ် ၂လုံးကိုထုတ်လုပ်ခဲ့ပြီး Android ဖုန်းများဖြစ်ကြောင်း သိရှိရသည်။ Neffos X1 နှင့် X1 Max တို့သည် တူညီသောအချက်များစွာရှိပြီး အဓိကကွာခြားချက်မှာ အရွယ်အစားသာဖြစ်သည်။

X1 တွင် ၅လက်မအရွယ် 720p display ပါဝင်ကာ Sony IMX 298 sensor ပါဝင်သည့် f/2.0 13MP ကင်မရာ phase detection AF နှင့် dual-tone LED flash တို့ပါဝင်သည်။ ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်ပြီး MediaTek ၏ AF နှင့် daul-tone LED flash တို့ပါဝင်သည်။ ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်ပြီး MediaTek ၏ Helio P10 chipset ကို သုံးထားကာ 1.8GHz octa-core CPU ဖြစ်ပြီး Mail T 860 GPU ပါဝင်သည်။

4G LTE နှင့် dual-SIM သုံးစွဲမှုကို ထောက်ပံ့ပေးထားပြီး ကျောဘက်တွင်ပါဝင်ကာ Fingerprint sensor သည် ၀.၂စက္ကန့်အတွင်း သိရှိနိုင် မည်ဟုဆိုသည်။ Android 6.0 Marshmallow အားသုံးစွဲထားသည်။ Version ၂ မျိုးရှိမည်ဖြစ်ကာ RAM 2GB storage 16GB နှင့် RAM 3GB, storage 32GB တို့ဖြစ်ကြသည်။ မည်သို့ဖြစ်စေ micro SD ထည့်သွင်းခွင့်ပေးထားပြီး 2250mAh ဘက်ထရီအားသုံးစွဲထားသည်။

Neffos 1 x Max သည် 5.5" 1080p display ပါဝင်ခဲ့ပြီး 3000mAh ဘက်ထရီပါဝင်ကာ 3GB/ 32GB နှင့် 4GB/ 64GB နှစ်မျိုးကွဲပြားမည်ဖြစ်သည်။ ကျန် specs များမှာမူ X1 နှင့်အတူတူပင်ဖြစ်သည်။ ဖုန်းနှစ်လုံးစလုံးအား ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချမည်ဟု သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com