3/18/2016

♪ “Fingerprint Scanner ပါတဲ့ Xiaomi Redmi 3 လာမည်” ♫

http://cdn2.gsmarena.com/vv/pics/xiaomi/xiaomi-redmi-3-1.jpg

Xiaomi က လက်ရှိမှာ ရောင်းချနေတဲ့ Redmi 3 မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကို ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ ဒါပေမယ့် Fingerprint Scanner ပါတဲ့ Redmi 3 ကို ရှောင်မီက ထုတ်လုပ်ရောင်းချမယ့် အရိပ် အယောင်များကို တွေ့နေရပါတယ်။

တရုတ် ဆက်သွယ်ရေး ကော်မရှင် ၀က်ဆိုက်မှာ Redmi 3 ရဲ့ Specifications များ တူညီပြီး လက်ဗွေရာ စစ်ဆေးသည့် ကိရိယာပါတဲ့ ဖုန်းတစ်လုံးကို မှတ်ပုံတင်ထားပါတယ်။ အခြား Specification များမှာ 1.5GHz Octa-Core CPU, 5” 720p Display, 2GB RAM, 16GB Internal Storage တို့ဖြစ်ကြပါတယ်။

အလေးချိန်မှာ မူလ Redmi 3 နဲ့ တူညီပြီး 3000mAh Battery တပ်ဆင်ထားပါတယ်။ ထွက်ပေါ် နေတဲ့ သတင်းများအရ Redmi 3 အသစ်ကို တရုတ်ယွမ် ၇၉၉ (ဒေါ်လာ ၁၂၂) နဲ့ ရောင်းချမှာဖြစ်ပါတယ်။ မူလ Redmi 3 ကို ယွမ် ၆၉၉ (ဒေါ်လာ ၁၀၅) နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com