လုံခြုံရေးနှင့်ပတ်သက်လာလျှင်
Uber သည် ပုံရိပ်ကောင်းမွန်ခြင်း မရှိသောကြောင့် ယခုအခါတွင်
ဟက်ကာများအတွက် bug bounty program ပြုလုပ်ထားပြီး ကန်ဒေါ်လာ ၁၀,၀၀၀
အထိဆုကြေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Uber ၏အစီအစဉ်တွင် ဆုကြေးငွေအတွက် အရည်အချင်းပြည့်မီရန် လိုအပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။ ထို့အပြင် Uber Web အမျိုးမျိုးတွင်အသုံးပြုသော အသေးစိတ်နည်းပညာများ အကြောင်းနှင့်ပတ်သက်၍ ကုမ္ပဏီ၏ blog post တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။ အဆိုပါနည်းပညာများကို dev.uber.com, petition.uber.org, ubermovement.com, iPhone Rider Application, iPhone Partner Application, Android Rider Application, Android Partner Application အပါအဝင် Uber Web များတွင် အသုံးပြုထားသည်။
ထို့ကြောင့် ဖော်ပြပါ ဝက်ဘ်ဆိုက်နှင့် application များမှ အားနည်းချက်တစ်ခုတွေ့ရှိခဲ့ပါက ထိုအရာတစ်ခုအတွက် ကန်ဒေါ်လာ ၃,၀၀၀ မှ ကန်ဒေါ်လာ ၁၀,၀၀၀ အထိရရှိမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။
Ref: TheNextWeb