3/18/2016

♪ “Apple က မတ်လ ၂၁ ရက်နေ့တွင် 4” iPhone နဲ့ 9.7” iPad Pro တို့ကို ပြသနိုင်” ♫


Apple က မတ်လ ၂၁ ရက်နေ့တွင် ပွဲတစ်ခုကျင်းပပြီး ထုတ်ကုန်အသစ် များကို ကြေညာမယ်လို့ တရားဝင် အတည် ပြုလိုက်ပါတယ်။ Apple က အဆိုပါ ပွဲတွင် လေးလက်မ အရွယ် iPhone နဲ့ ၉.၇ လက်မအရွယ် iPad Pro တို့ကို မိတ်ဆက် မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

လေးလက်မ အရွယ် iPhone ကို iPhone 5se သို့မဟုတ် iPhone SE လို့ အမည် ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ဖုန်းဟာ ဒီဇိုင်းအပိုင်းမှာ ၂၀၁၃ ခုနှစ် ထုတ် iPhone 5s နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ အတွင်းပိုင်း Hardware များကိုတော့ အဆင့်မြှင့် ထားမှာ ဖြစ်ပါတယ်။ Apple က iPhone အသစ်မှာ A9 Chip ကို ထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ ကင်မရာကိုတော့ iPhone 6 မှ စနစ်ကို ထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ ဖုန်းအသစ်မှာ NFC ပါရှိမှာ ဖြစ်ပြီး Apple ရဲ့ မိုဘိုင်း ဖုန်းမှ ငွေပေးချေတဲ့ စနစ် Apple Pay ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၉.၇ လက်မအရွယ် iPad Pro ဟာ ၁၂.၉ လက်မအရွယ် iPad Pro ရဲ့ အရွယ် သေး ဗားရှင်းဖြစ်ပါတယ်။

ဒါပေမယ့် ၁၂.၉ လက်မအရွယ် iPad Pro မှ စွမ်း ဆောင်ချက်များကို အရွယ်သေး iPad Pro မှာ ထည့်သွင်းထားမှာ ဖြစ်ပါ တယ်။ အရွယ်သေး မော်ဒယ်မှာ Smart Connector နဲ့ စပီကာ 4လုံး ပါရှိ မှာဖြစ်ပါတယ်။ Apple ရဲ့ Main Camera အတွက် LED Flash ကို တပ်ဆင် ထားတဲ့ ပထမဆုံး တက်ဘလက် ဖြစ်လာမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com