3/28/2016

Snapdragon 820 ချစ်ပ်ပါဝင်သည့် OnePlus 3 ကို ဧပြီ ၇ ရက်တွင် မိတ်ဆက်မည်

 
အထင်ကရ စမတ်ဖုန်းဖြစ်သည့် Mi 5 ကို မိတ်ဆက်ပေးခဲ့ပြီးနောက် ပြိုင်ဘက် OnePlus ကလည်း ၎င်း၏ အထင်ကရ စမတ်ဖုန်းသစ်ကို မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် OnePlus 3 စမတ်ဖုန်းကို ဧပြီလ ၇ ရက်တွင် ဘေကျင်းမြို့ရှိ ပွဲတစ်ခု၌ မိတ်ဆက်ပေးဖွယ်ရှိသည်။

OnePlus မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်း၏ အသေးစိတ်အချက်အလက်ကို bench marking app AnTuTu ပေါ်တွင် OnePlus A300 အနေဖြင့် တွေ့ရှိခဲ့ရကြောင်း၊ တရားဝင် အတည်ပြုချက်များ မရှိသေးသော်လည်း ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရာ ၎င်းကို OnePlus 3 အဖြစ် အလွယ်တကူသတ်မှတ်နိုင်ကြောင်း နည်းပညာသတင်းဝက်ဘ်ဆိုက်ဖြစ်သော GizmoChina ၏ ဖော်ပြခဲ့သည်။

OnePlus 3 တွင် Qualcomm ၏ Snapdragon 820 ပရိုဆက်ဆာနှင့် Adreno 530 GPU တို့ပါဝင်ပြီး 4GB RAM နှင့် 32GB internal storage ထောက်ပံ့ပေးထားကြောင်း၊ ၎င်းတွင်ပါဝင်သည့် ၅.၅ လက်မ Full HD display ၏ pixel သိပ်သည်းဆက 400ppi ဖြစ်ကြောင်း အထက်ပါ နည်းပညာသတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ စမတ်ဖုန်းသစ်တွင် Android Marshmallow ကိုအခြေခံထားသော Oxygen OS ကို အသုံးပြုထားပြီး ကင်မရာအနေဖြင့် ကျောဘက်တွင် 16MP ကင်မရာနှင့် အရှေ့ဘက်တွင် 8MP ကင်မရာတို့ကို အသုံးပြုထားကြောင်း ဆိုသည်။

Ref: TimesOfIndia
သီဟထိုက်(ဆွေသဟာMobile)
www,thihahtike.com




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download