3/27/2016

♪ သင့်ရဲ့ 3Gအင်တာနက်ကွန်နက်ရှင်ကို ပိုမိုမြန်ဆန်သက်သာအောင်ဘယ်လိုလုပ်မလဲ ♫


သင့်အနေနဲ့ အင်တာနက်ကွန်နက်ရှင်လိုင်းမကောင်းဘူးလို့ ခဏ၊ခဏ ညည်းနေမိပါသလား။ ညည်းနေမိမှာပါ။ ဒါပေမယ့် အင်တာနက် လိုင်းလဲကောင်း ဖုန်းဘေလ်အကုန်အကျလည်း သက်သာစေမယ့် နည်းလေးတွေမရှိတာတော့မဟုတ်ပါဘူး။ အခုတော့ သင့်ကို သင့် Android ပစ္စည်းမှာ သင့်ရဲ့ မိုဘိုင်းလ်အင်တာနက်ကို ပိုမိုမြန်ဆန်စေမယ့် နည်းလမ်းတွေကိုတင်ဆက်ပေးတော့မှာပါ။ ဒီနည်းလေးတွေလိုက်နာကြည့်ရင် အင်တာနက်လိုင်းမကောင်းတာ၊ ဖုန်းဘေလ်ချွေတာသက်သာဖို့ စတာတွေကို အနည်းနဲ့အများတော့ အထောက်အကူပြုပေးစေနိုင်မှာဖြစ်ပါတယ်။

Opera Max

Opera Max ကတော့ သင့်ရဲ့ အင်တာနက်ဒေတာ အသုံးပြုမှုနဲ့ Wi-Fi အသုံးပြုမှုကို မှတ်တမ်းတင်ထားပေးမယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App ကိုအသုံးပြုပြီး သင်ဟာ သင့်ရဲ့အင်တာနက်ဒေတာ အသုံးပြုမှုကို ထိန်းချုပ်နိုင်မှာပါ။ ဒီ App ဟာသင်အသုံးပြုတဲ့ ဒေတာပမာဏကို ၂၃ရာခိုင်နှုန်းထိလျှော့ချပေးနိုင်တာဖြစ်ပါတယ်။
speed ur 3G connection1
Opera Max ကို Google Play Store တွင်ရယူရန်

Facebook Lite

Facebook ဟာ အသံတိတ်လူသတ်ကောင်တစ်ယောက်လိုပါပဲ။ သင့်ဒေတာအသုံးပြုမှုရဲ့ ရာခိုင်နှုန်းခြောက်ဆယ်လောက်ဟာ Facebook ကနေပါသွားတာဖြစ်ပါတယ်။ သူဟာ ဒေတာအပြင် ဖုန်းအားကိုလည်းစားတာမို့ တကယ့်ကို ဖြုန်းတီးမှုအဖြစ်ဆုံး App တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတွေရှိနေပါတယ်။ Facebook Lite ဟာ ဒီပြဿနာနှစ်ခုလုံးကို အဆင်ပြေပြေဖြေရှင်းနိုင်စွမ်းရှိပါတယ်။ ဒီApp ဟာ Facebook အသုံးပြုသူတွေကို ဒေတာချွေတာနိုင်ဖို့နဲ့ ပိုမိုမြန်ဆန်သွက်လက်စေဖို့အတွက် အထူးဒီဇိုင်းပြုလုပ်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Facebook Lite ဟာ Facebook ရဲ့ တရားဝင် App ကို Uninstall လုပ်စေနိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
speed ur 3G connection2
င်္Facebook Lite ကို Google Play Store တွင်ရယူရန်

Browser ထဲက Image တွေကို Disable လုပ်ပါ

အင်တာနက်ကိုအမြန်ဆန်ဆုံး အသုံးပြုချင်တယ်ဆိုရင် သင့် Browser ထဲက Text Only Mode ကို On ထားလိုက်ပါ။ Browser အားလုံးကို ထောက်ပံ့ရရှိသေးခြင်းမရှိပေမယ့် တော်တော်များများရဲ့ Setting Menu တွေမှာ တွေ့နိုင်ပါတယ်။ သင့် Browser ထဲက Text Only Mode ကိုဖွင့်ထားလိုက်ရင် သင့်ဖုန်းရဲ့အင်တာနက်က Website တွေထဲကိုဝင်လိုက်တဲ့အခါမှာ သိသာမှုရှိတာကိုတွေ့ရပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက ဒီလုပ်ဆောင်ချက်ဖွင့်ထားတာနဲ့ ပုံရိပ်တွေကိုမြင်နိုင်မှာမဟုတ်ပါဘူး။ သဘောကျမယ်ဆိုရင်တော့ ကောင်းပါတယ်။

ပိုမိုကောင်းမွန်တဲ့ Web Browser ကိုရှာဖွေပါ

Chrome ကတော့ အသုံးပြုသူတွေအတွက် အမိုက်စား Browser တစ်ခုပါပဲ။ ဒါပေမယ့် Chrome ဟာ ဒေတာစားမသက်သာဘူးဆိုတာတော့ သုံးစွဲနေတဲ့သူတွေသိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖုန်းရဲ့ Memory နဲ့ Data ပမာဏကိုချွေတာဖို့အတွက် သင့်တော်တဲ့ Browser တစ်ခုလိုအပ်ပါတယ်။ ကျွန်တော်ကတော့ Opera ကို အကြံပြုချင်ပါတယ်။ Third-party VPN ဝန်ဆောင်မှုပါဝင်တဲ့ ဒီ Browser ကတော့ သင့်ရဲ့ Browser ကနေတစ်ဆင့်ဝင်တဲ့ လူမှုကွန်ယက်၊ ဗီဒီယို၊ သီချင်းနဲ့ ဓာတ်ပုံမျှဝေတဲ့ Appတွေ၊ စတဲ့ဒေတာအသုံးပြုမှုတွေကို ထိန်းချုပ်ပေးပြီး Wi-Fi အမြန်နှုန်းကိုလည်း မြှင့်တင်ပေးမှာပါ။ အဲ့ဒီအပြင် Opera Mini ကလည်း ပေါ့ပါးတဲ့ Browser တစ်ခုပါပဲ။ ဒေတာပမာဏချွေတာဖို့အတွက် Opera ကပဲ အထူးထုတ်လုပ်ထားတာပါ။ သင့်အနေနဲ့ နှစ်မျိုးလုံးကို Play Store မှာရယူနိုင်ပါတယ်။
speed ur 3G connection3
Opera Browser ကို Google Play Store တွင်ရယူရန်
Opera Mini Browser ကို Google Play Store တွင်ရယူရန်

Cache တွေရှင်းထုတ်ပစ်ပါ

အပေါ်ကပြခဲ့တဲ့ နည်းလမ်းတွေအပြင် သင့်အနေနဲ့ နောက်ထပ်ဒေတာကို မြန်ဆန်ချွေတာနိုင်မယ့် နည်းလမ်းတစ်ခုကတော့ သင့်ဖုန်းထဲက မလိုတဲ့ Cache တွေရှင်းထုတ်ပစ်တာပဲဖြစ်ပါတယ်။ Android Version အသစ်တွေဟာ သင့်ရဲ့ဖုန်းထဲက မှတ်ဥာဏ်စနစ်ကို ပိုမိုပြီးတော့ ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ပြုလုပ်လာခဲ့ပါတယ်။ သင့်ဖုန်းထဲက Cache တွေဟာ ဒေတာစားစေပြီး နှေးကွေးလေးလံစေတဲ့ တရားခံတစ်ယောက်ပါပဲ။ ဒါတွေကို ဗားရှင်းအဟောင်းနဲ့ ဖုန်းအဟောင်းတွေမှာ တွေ့ရများပါတယ်။
Cache တွေကို Settings>Applications ထဲမှာ တစ်ခုချင်းစီဝင်ပြီး Claer Cache ဆိုတဲ့ Button ကိုနှိပ်ပြီးသန့်ရှင်းနိုင်ပါတယ်။
speed ur 3G connection5
တစ်ခုချင်းစီမဟုတ်ပဲ အားလုံးစုပြီး Clear Chche လုပ်ချင်တယ်ဆိုရင်တော့ App Cache Cleaner လို Cache Clear App ကိုအသုံးပြုပြီး ရှင်းထုတ်နိုင်ပါတယ်။
App Cache Cleaner ကို Google Play Store တွင်ရယူရန်

လက်ဝါးကြီးအုပ် Apps တွေကို Uninstall လုပ်ပစ်ပါ

ဒါလည်း အရေးကြီးပါတယ်။ ပမာဏကများပြီး အသုံးမလိုတာတွေကို ရှင်းထုတ်ပစ်ရမှာပါ။ တကယ်မသုံးပဲနဲ့ အထဲရောက်နေတာက ဖုန်းကို အကျိုးသက်ရောက်မှုရှိစေပါတယ်။ လုံးလုံးဖျက်ပစ်ချင်တာ မဟုတ်ဘူးဆိုရင် သင့်အနေနဲ့ Apps တွေကို Back Up လုပ်ပြီး Uninstall လုပ်ပစ်နိုင်ပါတယ်။
speed ur 3G connection4
အဆိုပါအချက်အလက်လေးတွေဟာ သင့်ရဲ့ဖုန်းက 3G ကွန်ယက်ကို မြန်ဆန်ပြီး ဖုန်းဘေလ်ကုန်ကျမှုသက်သာအောင် အနည်းနဲ့အများတော့ အထောက်အကူပြုပေးနိုင်မှာပါ။ ဒါလေးတွေက အရမ်းလည်းခက်ခဲတာမဟုတ်ပဲ အင်တာနက်မြန်နှုန်းကို ကောင်းမွန်စေမှာပါ။ သင့်အနေနဲ့လည်း အခက်အခဲမရှိပဲ ကောင်းကောင်းမွန်မွန် ပြုလုပ်စေနိုင်ပါလိမ့်မယ်။
Ref: Android Authority

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com