Facebook က ယခင်နှစ်တွင် အကြောင်းအရာတစ်ခု၊ အားကစား အသင်း တစ်ခုကို
ထောက်ခံကြောင်း ပြသနိုင်ဖို့ ခဏတာ ပြောင်းလဲနိုင်တဲ့ ပရိုဖိုင်
ဓါတ်ပုံဖရိန်များကို ပံ့ပိုးပေးခဲ့ပါတယ်။ ယခုမူ ဖရိန်များစွာကို
အသုံးပြုနိုင်ဖို့ ပြုလုပ်ပေး လိုက်ပါတယ်။
ဖရိန်ပေါင်း ရာနဲ့ချီရှိပြီး ကဏ္ဍများဖြင့် ခွဲခြား ပြသပေးထားပါတယ်။ ဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ် စတဲ့ အားကစားအသင်းများ၊ ရုပ်ရှင်များ စတဲ့ ကဏ္ဍများစွာ ပါရှိပါတယ်။ အဖြစ် အပျက်များ၊ အသင်းအဖွဲ့များကို ထောက်ခံအားပေး တဲ့ Cause ကဏ္ဍလည်း ပါရှိပါတယ်။ Premier League, Serie A, La Liga စတဲ့ ထိပ်တန်း ဘောလုံး အသင်းများရဲ့ Fans များအတွက်လည်း နှစ်ခြိုက်စရာဖြစ်ပါတယ်။
https://www.facebook.com/profilepicframes သို့သွား၍ ဖရိန်များကို ရွေးချယ်နိုင်ပါတယ်။ လက်ရှိမှာတော့ အသင့် ပြုလုပ်ပေးထားတဲ့ ဖရိန် များကိုသာ အသုံးပြုနိုင်သေးပြီး ကိုယ်တိုင်ပြုလုပ်နိုင် ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်မှ လူများအတွက် ခရစ်ကတ်အားကစား ကို အားပေးနိုင်တဲ့ ဖရိန်များကို အပို ပံ့ပိုးပေးထားပါတယ်လို့ Zuckerberg က ရေးသားထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal