3/27/2016

♪ Sony PlayStation ဂိမ်းတွေကို မိုဘိုင်းဖုန်းတွေမှာ မကြာခင် ဆော့ကစားနိုင်တော့မည် ♫


Sony ကုမ္ပဏီဟာ စမတ်ဖုန်းဂိမ်းတွေ သီးသန့်ထုတ်လုပ်မယ့် ကုမ္ပဏီအသစ်တစ်ခုကို ထူထောင်သွားမှာ ဖြစ်ပြီး၊ PlayStation ဂိမ်းတွေကို စမတ်ဖုန်းတွေပေါ် ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ Sony Computer Entertainment လို့ အမည်ပေးထားတာကို ဧပြီလ ၁ ရက်နေ့က စတင်ကာ Sony Interactive Entertainment လို့ ပြောင်းလဲခေါ်တွင်သွားမှာဖြစ်ပြီး၊ ‘ForwardWorks’ ကော်ပိုရေးရှင်းလို့ ခေါ်တဲ့ ကုမ္ပဏီအသစ်တစ်ခုကိုလည်း ဖွဲ့စည်းမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

ForwardWorks ကုမ္ပဏီဟာ တိုကျိုမှာပဲ အခြေစိုက်မှာဖြစ်ပြီး၊ PlayStation ဂိမ်းဇာတ်ကောင်တွေ၊ ဂိမ်းနာမည်တွေနဲ့၊ ဂိမ်းဇာတ်လမ်းတွေကို ယူသုံးနိုင်မှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့်၊ PlayStation မှာထွက်ထားတဲ့ နာမည်ကျော်ဂိမ်းတွေကို သိပ်မကြာခင်ကာလအတွင်း မိုဘိုင်းပလက်ဖောင်းပေါ်မှာ တွေ့ရှိရတော့မှာဖြစ်ပြီး၊ PlayStation ပရိတ်သတ်တွေအတွက်တော့ တကယ့် သတင်းကောင်းတစ်ခုပါပဲ။

‘ForwardWorks’ ကုမ္ပဏီဟာ မိုဘိုင်းဖုန်းဂိမ်းဈေးကွက်ထဲ ၀င်ရောက်ဖို့အတွက် Sony ရဲ့ ပထမဆုံး ကြိုးပမ်းမှု မဟုတ်ပါဘူး။ အရင်တုန်းကလည်း indie ဂိမ်းတွေနဲ့ Playstation 1 ဂိမ်း အဟောင်းတွေ ရယူဆော့ကစားနိုင်တဲ့ PlayStation Mobile စတိုးကို လွှင့်တင်ခဲ့ဖူးပေမယ့်၊ အောင်မြင်မှုသိပ်မရခဲ့တာကြောင့် မနှစ်ကလေးတင် ပိတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

အခုဆို Sony ရဲ့ ပြိုင်ဘက် Nintendo ကုမ္ပဏီကလည်း ‘Miitomo’ ဆိုတဲ့ ဂိမ်းနဲ့ မိုဘိုင်းဖုန်းဂိမ်းလောကထဲ ၀င်ရောက်လာပြီဖြစ်လို့၊ Sony အနေနဲ့ PS မိုဘိုင်းဂိမ်းတွေကို အလျင်အမြန်ထုတ်သွားဖို့ ရှိနေပါတယ်။

Ref: Independent
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com