မြန်မာပြည်မှာ လူကြိုက်များစပြုလာတဲ့ Meizu ကုမ္ပဏီရဲ့ စမတ်ဖုန်းအသစ်
Meizu m3 Note ဖုန်းဟာ ဧပြီလ ၆ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်တယ်လို့
သိရပါတယ်။
ဧပြီလ ၆ ရက်နေ့ဟာ Huawei ရဲ့ စမတ်ဖုန်းအသစ် P9 လည်း ထွက်ရှိမယ့်ရက်ဖြစ်လို့၊ နာမည်ကျော်တရုတ်ဖုန်းကုမ္ပဏီနှစ်ခုမှာ ဘယ်ဖုန်းက ပရိတ်သတ်ကို ပိုဖမ်းစားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လတ်တလောမှာ Meizu m3 note ဖုန်းမှာ ပါဝင်မယ့် အသေးစိတ်အချက်အလက်တွေ ပေါက်ကြားနေပြီ ဖြစ်ပြီး၊ အဆိုပါသတင်းတွေအရ ဒီဖုန်းမှာ ၅.၅ လက်မအရွယ် 1080p မျက်နှာပြင်၊ RAM 2GB နဲ့ 2GHz octa-core Helio P10 ပရိုဆက်ဆာကို အသုံးပြုထားတယ်လို့ သိရပါတယ်။
Meizu m3 Note ဖုန်းဟာ ဈေးနှုန်းအားဖြင့်လည်း ၁၂၂ ဒေါ်လာ (မြန်မာငွေ ၁ သိန်းခွဲခန့် ) သာရှိပြီး၊ လူတန်းစား မရွေးကိုင်နိုင်မယ့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒီ့အပြင် လက်ဗွေရာစနစ်လည်း ပါဝင်လာသလို၊ ဘက်ထရီပမာဏကလည်း 3200mAh တောင်ပါရှိတာကြောင့် တန်ဖိုးနည်းစမတ်ဖုန်းတွေထဲမှာ Xiaomi ရဲ့ Redmi Note 3 ဖုန်းလို၊ လူကြိုက်များဦးမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှုကတော့ 16 GB ရှိကာ၊ microSD ကတ်လည်း ထပ်စိုက်နိုင်ပါသေးတယ်။ 32 GB မော်ဒယ်ကို ၀ယ်မယ်ဆိုရင်တော့ ၁၅၃ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈သောင်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။
Ref: GSM Arena
Credit to ==> Digital Times