3/18/2016

♪ Clash Royale အကြောင်းဗဟုသုတရစေဖို့ ♫


မိုဘိုင်းဂိမ်းထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာSupercellရဲ့ဂိမ်းတွေဟာထူးထူး ခြားခြားရပ်တည်နေပါတယ်။Supercellရဲ့ Clash of Clans ဟာဆိုရင်လည်း တစ်နေ့ကို5မီလီယံဒေါ်လာ ranking နဲ့၂၀၁၅ကတည်းကခုချိန်ထိ Players တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။Supercellကထွက်ရှိထားတဲ့ Clash of Clans, Hay Day နဲ့ Boom Beach တို့ရဲ့ဂိမ်းကစားနည်းတွေဟာလည်း တစ်မျိုးနဲ့တစ်မျိုးဆက်စပ်မှုမရှိဘဲ Countless ဂိမ်းပုံစံကိုအခြေခံထားတာ ဖြစ်တာကြောင့်လူကြိုက်များကြတာဖြစ်ပါတယ်။

Clash Royale ဟာ Supercellရဲ့နောက်ဆုံးပေါ်ဂိမ်းအမျိုးအစားဖြစ်ပြီးမတ်လ၂ရက်နေ့ကမှ စတင်ထွက်ရှိ ထားတာပါ။ Tower denfense elements တွေနဲ့ပေါင်းစပ်ပြီး တိုက်ပွဲမှာရှင်သန်ဖို့ ကတ်ပြားတွေနဲ့ ကစားရတဲ့ Clash Royaleဟာ Card Game အမျိုးအစားလည်းဖြစ်ပါတယ်။ Battle တွေဆင်နွှဲပြီးအခြား Players တွေကိုရှုံးနိမ့်အောင်ကစားနိုင်ရင် rewards အဖြစ် chests တွေရရှိမှာဖြစ်ပြီး Gold နဲ့ Random လုပ်ထားတဲ့ကတ်ပြားတွေပါဝင်ပါလိမ့်မယ်။ Clash Royale မှာအကောင်းဆုံး element တစ်ခုက ကတ်ပြားတွေကိုတတ်စွမ်းသလောက် အများကြီးစုဆောင်းရတာဖြစ်ပြီး Chest အဖြစ်ရရှိမယ့်ကတ်တွေ ဟာလည်း Collection ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ ကိုယ်ရှာဖွေထား တဲ့ကတ် တွေကို Copy ပွားထားနိုင်ပြီးရွှေအသုံးပြုကာ upgrade တွေအဆင့်ဆင့် ပြုလုပ်နိုင်ဦးမှာပါ။ Level အလိုက် upgrades တွေဟာဈေးနှုန်းပိုမိုမြင့်မား လာပြီးသုံးရတာလည်း အဆင့်မြင့်သထက်မြင့်လာ ပါလိမ့်မယ်။ ပွဲနိုင်တဲ့အခါရရှိမယ့်Chests တွေကိုချက်ချင်း ဖွင့်လို့မရသေးဘဲ timer ကိုအရင်ဆုံး unlock ပြီးမှပွင့်လာမှာဖြစ်ပါတယ်။

Silver Chest မှာဆိုရင် unlock ဖြစ်ဖို့အချိန်သုံးနာရီလောက်ယူရပြီး Gold Chest ကတော့၈နာရီ ၀န်းကျင်လောက်ကြာပါတယ်။ Chest တစ်ခုကို တစ်ကြိမ်သာ unlock ပြုလုပ်နိုင်ပြီး Gems သုံးမယ် ဆိုရင်တော့ unlock process ကိုမြန်ဆန်အောင်ဆောင်ရွက်ပေးပါတယ်။တစ်ကြိမ်မှာအများဆုံး Chests လေးမျိုးလောက်ကိုသာ Players ကကိုင်သုံးနိုင်မှာဖြစ်ပြီး Chests အားလုံးပြည့်သွားပြီ ဆိုရင်ဆက်ကစားလို့မရတော့ပါဘူး။ Players တွေ အများကြီးနဲ့ချိတ်ဆက်ကစားနိုင်ပြီး Trophies တွေကို ရယူနိုင်ဖို့ကြိုးစား သွားရပါမယ်။

ရန်သူရဲ့ Towers တွေကိုအားကောင်းတဲ့ Cards တွေ သုံးကာ ဖြိုခွင်းဖျက်ဆီးပစ်ဖို့လိုအပ်ပြီးအမိုက်စား Crown Chests တွေရရှိဖို့ အနိုင်ပိုင်းနိုင်မှသာ Crowns တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ Clash Royale ဂိမ်းကိုiOS 7.0 နဲ့အထက်ရှိရင်ကစားနိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com