3/26/2016

♪ အခမဲ့ Facebook အသုံးပြုခွင့် ပါဝင်သော မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကို မိတ်ဆက်ရန် Line စီစဉ်နေ ♫


နာမည်ကျော် messaging app ဖြစ်သော Line သည် ကိုယ်ပိုင်ဆင်းမ်ကတ်များ အသုံးပြုထားသော မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတစ်ခုကို နွေရာသီတွင် ဂျပန်နိုင်ငံ၌ မိတ်ဆက်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ကြေညာချက်ကို Line Conference Tokyo 2016 ပွဲတွင် Line Corp ဒါရိုက်တာ ဂျန်မာဆုဒက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Line Mobile SIM သည် သုံးစွဲသူများအား messaging app အပြင် Facebook နှင့် Twitter တို့ကိုပါ အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည်။ ထို့အတွက်ကြောင့် Line, Facebook နှင့် Twitter တို့တွင် ဓာတ်ပုံတင်ခြင်း၊ ကြည့်ရှုခြင်းတို့ပြုလုပ်သည့်အခါ မိုဘိုင်းဒေတာလစဉ်ကြေး လျော့နည်းသက်သာစေမည်ဖြစ်သည်။ အခမဲ့အသုံးပြုခွင့်တွင် Line ၏ အွန်လိုင်းခေါ်ဆိုမှု လုပ်ဆောင်ချက်နှင့် Line Music မှ သီချင်းနားထောင်ခြင်းတို့ ပါဝင်သည်။



Line အနေဖြင့် အခြားသော ကုမ္ပဏီများဖြင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပြီးသည့်အခါတွင် အခြား streaming music ဝန်ဆောင်မှုများကိုလည်း အခမဲ့အသုံးပြုခွင့်ရနိုင်ဖွယ်ရှိသည်။
Line သည် အဆိုပါဝန်ဆောင်မှုသစ်အတွက် NTT Docomo ၏ ဆယ်လူလာကွန်ရက်ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ဝန်ဆောင်မှုအစီအစဉ်များကို အခွန်အခအပါအဝင် တစ်လလျှင် ၄.၄၀ ဒေါ်လာဖြင့် စတင်ရန် သတ်မှတ်ထားသည်။ အခြားအသေးစိတ်အချက်အလက်ကို ဝန်ဆောင်မှုစတင်မည့်ရက်နှင့် နီးလာသည့်အချိန်တွင် သိရှိရမည်ဖြစ်သည်။
Ref: TechInAsia

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com