3/26/2016

♪ OPPO F1 Selfie ဘုရင်ကင်မရာဖုန်း၏ Rose Gold Colour ကိုပြည်တွင်း၌၀ယ်ယူနိုင်ပြီ ♫

Oppo-F1

OPPO အနေဖြင့် ကင်မရာပိုင်းအသားပေးထားသော ထုတ်ကုန်သစ်ဖြစ်သည့် OPPO F1 Selfie ဘုရင် ကင်မရာဖုန်းကို ပြည်တွင်း၌ ရောင်းချပေးလျက်ရှိရာ အရောင်၂မျိုးရှိသည့်အနက် ပထမဆုံးအနေဖြင့် Gold Colour ကို တင်သွင်းရောင်းချပေးထားခြင်းဖြစ်သည်။

ယခုအခါတွင် နောက်ထပ်စွဲမက်ဖွယ်အရောင်တစ်မျိုးဖြစ်သည့် Rose Gold Colour ကို စတင်တင်သွင်းထားပြီဖြစ်ရာ အဆိုပါအရောင်ကိုမျှော်လင့်စောင့်ဆိုင်းနေကြသော ၀ယ်ယူသူများအနေဖြင့် ရက်ပိုင်းအတွင်းမှာပင် သက်ဆိုင်ရာ OPPO အရောင်းဆိုင်များတွင် စတင်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ OPPO F1 Selfie ဘုရင် (Rose Gold Colour) ကိုပထမဦးဆုံး စတင်အသုံးပြုခဲ့သူမှာ မော်ဒယ်နှင့်သရုပ် ဆောင်ဖြစ်သူ ခင်ဝင့်ဝါဖြစ်ပြီး သူ့မ၏ Facebook account တွင်တွေ့ရှိရမည်ဖြစ်သည်။

OPPO F1 Selfie ဘုရင် ဖုန်းမှာ ကင်မရာပိုင်းအထူးအသားပေးထားပြီး aperture f/2.0 အကျယ်ရှိ 8MP ရှေ့ကင်မရာကို အသုံးပြု ထားသည့်အတွက် ရုပ်ထွက်အရည်အသွေးပိုင်း အထူးကြည်လင်ပြတ်သားမှုရှိစေ မည်ဖြစ်သလို ရှေ့ကင်မရာဖြင့်ပင် Full HD video များကိုလည်း ရိုက်ယူနိုင်စေမည်ဖြစ်သည်။ နောက်ကင်မရာမှာမူ 13MP အရည်အသွေးကိုအသုံးပြုပေးထားသည်။

ယခု OPPO F1 Selfie ဘုရင် (Rose Gold Colour) ဖုန်းကို ဈေးနှုန်းတစ်စုံတစ်ရာတိုးမြှင့်မှုမရှိစေဘဲ ပုံမှန်ဈေးနှုန်း ၂၉၉,၀၀၀ ကျပ်ဖြင့်ပင်ဝယ်ယူနိုင်ပြီး ၀ယ်ယူသူများအနေဖြင့် OPPO မှပေးအပ်ထားသည့် လက်ဆောင်ပစ္စည်း ၈မျိုးပါဝင်သော Special Gift Set ကိုလည်း ရရှိစေဦးမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com