3/18/2016

♪ တစ်မူထူးခြားစွာ ထွက်ပေါ်လာတဲ့ Singtech Infinity i-Crystal Lite ♫


Singtech Infinity i-Crystal Lite စမတ်ဖုန်းဟာ အခြားသော mid-range အတန်းအစား Android ဖုန်းတွေ ကနေသိသာထင်ရှားတဲ့ ကွဲပြားမှုရှိပါတယ်။ ဖက်ရှင်ကျတဲ့ ဒီဇိုင်းအပြင် အတွင်းပိုင်း Software အသွင်အပြင် တစ်ခုလုံးကလည်း အမျိုးသမီးတွေ အတွက်သီးသန့်ရည်ရွယ်ပြုလုပ်ထား တာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေ အတွက်လည်း သူတို့ချစ် ခင်မြတ်နိုးရသူတွေကိုလက်ဆောင်ပေးဖို့ စိတ်ဝင်စားစရာကောင်းနိုင်ပါတယ်။ တကယ်က i-Crystal Lite ရဲ့ထုတ်ပိုးပုံစနစ်ကိုယ်တိုင်ကို gift box တစ်လုံးပုံစံ ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဖုန်းကိုယ် ထည်ဖွဲ့စည်းပုံက ပါးလွှာကျစ်လျစ်ပြီးလက်ထဲမှာ ကိုင်လို့ကောင်းတဲ့အနေအထား ရှိတယ်။

နောက်ကျောဘက်က လုံးဝပြားချပ်နေပြီး ပြင်ညီတစ်ခုအပေါ် တင်ထားရင်သေသပ်ကျနစွာနဲ့ရှိနေမယ်။ သတ္တုသားပုံဖော်ထားတဲ့အနားကွပ် ဘေးဘောင်တစ်လျှောက် ၊ ရှေ့မျက်နှာစာအောက်ဘက်အလယ် နဲ့ နောက် ကျောဘက်ကင်မရာမှန်ဘီလူး ပတ်လည်တွေမှာစိန်ပုံသဏ္ဌာန် fancy ကျောက်တွေနဲ့စီခြယ်ပေး ထားတယ်။ဘယ်ဘက်ဘောင်အပေါ်နားမှာ Volume Rocker နဲ့ Power/Sleep ခလုတ်အထက် အောက်ရှိတယ်။ အပေါ်ဘက်မှာ headphone အပေါက်နဲ့ micro USB အပေါက်တွေရှိတယ်။ ညာ ဘက်ဘောင်အပေါ်နားမှာတော့ Hybrid SIM Slot အတွက်အံခွက်ရှိပြီး special key နဲ့အသွင်း အထုတ်လုပ်ရပါတယ်။ Display အရွယ်အစား 4.7” ဆိုတာကျစ်လျစ်တဲ့ဖုန်းတစ်လုံးအတွက် အသင့်တော်ဆုံးအရွယ်အစားဖြစ်ပြီး resolution က 1280x720 နဲ့ HD အဆင့်ရှိပါတယ်။ Pixel သိပ်သည်းဆ ppi မြင့်မားပြီးကြည်လင်တောက်ပတဲ့ရုပ်ထွက်ကိုပေးတယ်။ စောင်းပြီးကြည့် ရင်လည်းေ၀၀ါး သွားတာမျိုးမရှိပါဘူး။

Processor က 1.3 GHz အမြန်နှုန်းရှိတဲ့ Quad- processor အမျိုးအစားဖြစ်ပါတယ်။ RAM 1GB ရှိပြီး Internal Storage က 8GB ရှိပါတယ်။ SIM ကတ်နေရာတစ်ခုကို မသုံးဘဲအလွတ်ထားရင် micro SD ကတ်နဲ့ချဲ့ထွင်ပြီးသုံးစွဲလို့ရပါတယ်။ ဒါတွေကအလယ်အလတ်အဆင့် ဖုန်းအတွက် သင့်တော်လုံလောက်တဲ့ အနေအထားရှိပါတယ်။ကင် မရာပိုင်းမှာလည်းအမျိုးသမီးတွေ အတွက်ရည်ရွယ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ အဆင့်မြင့်မြင့် ထည့်သွင်းပေးထားတယ်။ နောက်ဘက်ပင်မကင်မရာက 8 MP ရှိတာသိပ်မဆန်းပေမဲ့ ရှေ့ဘက် selfie ကင်မရာကိုလည်း ဆတူအသားပေးပြီး 8 MP အဆင့်ကို ထည့်သွင်းပေးထားပါတယ်။ SelfieShop Camera ဆိုပြီး app တစ်ခုအရန်သင့်ထည့်ပေးထား ပါသေးတယ်။ Screen အောက် ဘက် touch မျက်နှာပြင်မှာ charging သွင်းရင် မီးလင်းတဲ့ကျောက်ရဲ့ ဘယ်ဘက်မှာကင်မရာ App ခေါ်တင်ဖို့ဧရိယာနဲ့ ညာဘက်မှာ music app ကိုခေါ်တင်မယ့်ဧရိယာတို့ပါရှိတယ်။

ဒါကြောင့် ဘယ်အချိန်မှာမဆို ဒီ function တွေချက်ခြင်းခေါ်သုံးနိုင်ပါတယ်။ Android version 5 Lollipop အပေါ်အုပ်ထားတဲ့ theme တွေ icon တွေနဲ့ကြိုထည့်ပေးထားတဲ့ App တွေကြည့်ရင် ဆယ်ကျော် သက် မိန်းကလေးတွေအတွက် အထူးရည်ရွယ်ပြုလုပ်ထားတာတွေ့ရမယ်။ G mail icon က ပိုက်ဆံအိတ်ပုံ၊ Phone Icon ကဒေါက်ဖိနပ်ပုံဖြစ်နေတာမျိုးပါပဲ။ Google Play Store နဲ့ Google App တွေကိုလည်း တရားဝင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Wi-Fi, Bluetooth စတဲ့ ဆက်သွယ်မှုတွေလည်း ပါသင့်ပါထိုက်တဲ့အတိုင်းပါဝင်ပြီး Li-Po အမျိုးအစားဘက်ထရီရဲ့ သိုလှောင်အားကတော့ 1900 mAh ရှိပါတယ်။ 3G အဆင့်ရှိတဲ့အတွက် WCDMA/GSM ကွန်ရက်တွေ အဆင်ပြေပြေ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာလည်းသုံးလို့ရတယ်။ ဈေးနှုန်းသက်သာမှုကို ထည့်တွက်ရင်ဒီလိုသွင်ပြင် feature တွေပါတဲ့ ဖုန်းက တကယ့်ကိုဝယ်ပျော်ပါတယ်။ 

Price : 135,000 Kyats
Contact : 01 2399900


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com