2/08/2016

♪ “ Vivo X5 Pro “ ♫


vivo စမတ်ဖုန်းတွေဟာ ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပမှာလည်း အောင်မြင်နေတာ တွေ့နေရပါတယ်။ quad-HD ထည့်သွင်းထားတဲ့ ပထမဆုံးဖုန်းအဖြစ် ၂၀၁၃ က ထွက်ရှိခဲ့တဲ့ vivo X Play 3S နဲ့ အပါးလွှာဆုံး စမတ်ဖုန်းအဖြစ် နေရာယူထားတဲ့ vivo X5 Max တို့ကိုကြည့်လိုက်ရင် vivo ရဲ့ နည်းပညာပိုင်းအောင်မြင် မှုတွေကို သိသာပေါ်လွင်စေပြီး စမတ်ဖုန်းလောကကို အဲဒီအချက်တွေနဲ့ပဲ ဦးဆောင်နိုင်အောင် vivo က အစဉ်မြဲကြိုးစားနေတာဖြစ်ပါတယ်။ vivo X5 Pro ဟာ အသင့်တင့်ဆုံးဈေးနှုန်းကိုပေးစွမ်းနိုင်သလို ဒီဇိုင်းလှပမှု၊ Display ကောင်းမွန်မှုနဲ့ အစွမ်းထက်တဲ့အချက်တွေကြောင့် အခြားစမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်အောင် ဖန်တီး ပေးထားပါတယ်။ ကင်မရာလည်းသုံးလို့ကောင်းပြီး 13MP ကင်မရာဟာ ကျာဘက်မှာတွေ့ရပြီး 8MP ကို ရှေ့ ဘက်ကင်မရာအတွက် သုံးပေးထားပါတယ်။ X5 Pro မှာ Hi-Fi audio ကို support လုပ်ထားပြီး Dual-SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပါတယ်။ vivo X5 Pro ကို အဖြူ၊ အနက် ၂ မျိုး ရွေးလို့ရပါတယ်။

* Design & Build *
vivo X5 Pro မှာ Sony Xperia စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းမျိုးထင်ဟပ်နေအောင် ဖန်တီးထားတာတွေ့ရပါတယ်။ ဖန်သားကို ကိုယ်ထည်ကြားညှပ်သုံးထားပြီး ပြောင်လက်ချောမွေ့နေတဲ့ အလူမီနီယမ်ဘေးဘောင်တွေကြောင့် စွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံးဖြစ်နေပါတယ်။ ဘေးဘောင်ထက် ဖန်သားပြင်ကိုအနည်းငယ်မြင့်ပေးထားပြီး 2.5D curved glass နဲ့ တည်ဆောက်ထားပါတယ်။ ရှေ့မျက်နှာပြင်နဲ့ ကျောပြင်မှာတည်ဆောက်ထားတဲ့ ဖန်သား တွေကြောင့် X5 Pro ဟာ ချော်ထွက်သွားခြင်းမရှိဘဲ ကိုယ်ထည်ကျစ်လျစ်မှုကြောင့် ကိုင်သုံးလို့ကောင်းပါတယ်။ 6.4mm အထူသာရှိပြီး iphone ဒီဇိုင်းခပ်ဆင်ဆင်ပုံစံမျိုး တွေ့မြင်နိုင်ပါတယ်။ ဖုန်းအောက်ခြေက microUSB အပေါက်ဘေးနှစ်ဖက်မှာ စပီကာနှစ်ခုကိုထည့်သွင်းထားပြီး ညာဘက်ခြမ်းမှာ volume နဲ့ ပါဝါခလုတ်တို့ကို တပ်ဆင်ထားပါတယ်။ X5 Pro ရဲ့ ကိုယ်ထည်ကို Nano-molding နဲ့ lase-welding နည်းပညာသုံးပြီး တည်ဆောက်ထားတယ်လို့ vivo က ပြောကြားသွားပါတယ်။ Apple နဲ့ Sony ရဲ့ ဒီဇိုင်းပုံစံကိုပေါင်းစပ်ပြီး ဖန်တီးပေးထားတဲ့ X5 Pro ဟာ ခန့်ညားထင်ပေါ်နေပါတယ်။

* Display *
X5 Pro မှာ ၅.၂ လက်မအရွယ်မျက်နှာပြင်ပါဝင်ပြီး Super AMOLED Display မျိုးဖြစ်ပါတယ်။ 1080×1920 pixels Full HD ရုပ်ထွက်အရည်အသွေးမျိုးရရှိမှာဖြစ်ပြီး Pixel သိပ်သည်းဆ 424 ppi ပါဝင်ပါတယ်။ Indoors, Outdoors ၂ မျိုးလုံးအတွက် ကောင်းမွန်တဲ့အရောင်အသွေးတွေ ပေးစွမ်းနိုင်တဲ့ Screen ဖြစ်ပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားပါတယ်။

* Operating System and Camera *
Funtouch OS 2.1 ကို Android OS 5.0.2 (Lollipop) အပေါ်မှာ ထပ်သုံးထားပြီး iOS ပုံစံမျိုးဖြစ်အောင် ဖန်တီးထားပါတယ်။ ပင်မကင်မရာဟာ 13MP အရည်အသွေးရှိပြီး LED Flash မီး အသုံးပြုနိုင်ပါတယ်။ 1080p Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာမှာ f/2.4 aperature lens နဲ့အတူ 8MP အရည်အသွေးရှိပါတယ်။ HDR, Face Beauty စတဲ့ feature တွေကြောင့် ရုပ်ထွက်ကောင်းမွန်စေပြီး ရှေ့ ဘက်မှာ ပုံမှန်ထက်အဆင့်မြင့်တဲ့ 8MP ကင်မရာအရည်အသွေးမြင့် selfies တွေ ရိုက်နိုင်ပါတယ်။

* Performance *
Budget ဖုန်းတစ်လုံးအတွက် သုံးလို့ကောင်းတဲ့ Qualcomm Snap-dragon 615 octa-core processor ကို ထည့်သွင်းထားပြီး Adreno 405 ဂရပ်ဖစ် processor, 2GB RAM တို့နဲ့တွဲဖက်ထားပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 16GB ကို အသုံးချနိုင်ပြီး micro SD နဲ့ 128GB ထိ မြှင့်တင်နိုင်ပါတယ်။ X5 Pro မှာ တပ်ဆင်ထားတဲ့ဘက်ထရီဟာ သေးငယ်ပြီး ၅.၂လက်မအရွယ် Display ဖုန်းအတွက်တော့ ဘက်ထရီများများ လိုအပ်ပါတယ်။ Non-Removable 2450mAh ဘက်ထရီပါဝင်ပြီး တစ်နေ့လုံး ပုံမှန်သုံးစွဲရင်တော့ လုံလောက် တဲ့ ခံနိုင်ရည်ရှိပါတယ်။

* Specification *
Display : 6.0 inches, IPS capacitive touchscreen Memory : 16 / 32 GB, 2 GB RAM, microSD, up to 64GB Camera : 13 Megapixel, autofocus, LED flash, Geo-tagging OS : Android OS, v4.3 (Jelly Bean) Phone : 01-245180 (KMD)
Price : 498,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com