2/09/2016

♪ VAIO က Windows 10 ထည့်သွင်းထားသော Phone Biz ကို မိတ်ဆက် ♫


VAIO က Windows 10 OS ထည့်သွင်းထားသော စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ VAIO သည် ယခင်က Sony ပိုင်ဆိုင်ခဲ့သော ကုမ္ပဏီ ဖြစ်ပါသည်။

Phone Biz ဟု အမည်ပေးထားပြီး ဂျပန်တွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ VAIO ၏ ပထမဆုံး စမတ်ဖုန်းထက် ပိုမို စတိုင်ကျလှပပါသည်။ ငွေရောင် အလူမီနီယမ် ကိုယ်ထည်တပ်ဆင်ထားပြီး စွမ်းဆောင်ရည်သင့် အမျိုးအစားဖြစ်ပါသည်။ Phone Biz တွင် ၅.၅ လက်မ 1080p Full HD LCD Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13 Megapixel Camera ပါရှိပါသည်။

Snapdragon 617 Chipset မောင်းနှင်မည်ဖြစ်ပြီး 3GB RAM ထည့်သွင်းထားပ့ါသည်။ Windows Continuum စွမ်းဆောင်ချက်ပါရှိပြီး ဒတ်စတော့ မော်နီတာများနှင့် ဖုန်းကို တွဲဖက် အသုံးပြုနိုင်ပါသည်။ ဖုန်းကို မော်နီတာနှင့် ချိတ်ဆက်လိုက်လျှင် Windows 10 OS ကို ဒတ်စတော့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။

VAIO Phone Biz ကို ဂျပန်ယမ်း ၅၀ ၀၀၀ သတ်မှတ်ထားပြီး ဒေါ်လာ ၄၀၀ ၀န်းကျင် တန်ကြေးရှိပါသည်။ VAIO က ရောင်းချမည့် နေ့ရက်ကို မကြေညာသေးသော်လည်း Apps များနှင့် ကွန်ရက်များစွာကို အထောက်အပံ့ပေးရန်အတွက် ဂျပန် နာမည်ကြီး Carrier တစ်ခုဖြစ်သော NTT Docomo နှင့် ပူးပေါင်းလုပ်ဆောင်နေပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com