2/05/2016

♪ Samsung Galaxy S Series ရဲ့ နောက်ဆုံးထွက်ရှိလာမည့် Galaxy S7 ♫


Samsung Galaxy S Series ရဲ့ နောက်ဆုံးထွက်ရှိလာမည့် Galaxy S7 ကို ဖေဖော်ဝါရီ (၂၁)ရက်နေ့တွင် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၌ စတင်မိတ်ဆက် ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် စတင်ရောက်ရှိလာမည့်နေ့ရက် နှင့် ဈေးနှုန်းများအား မကြာမီ အချိန်တွင်း ကြေငြာပေးသွားမှာဖြစ်ပါတယ်။
ထူးခြားချက်အနေဖြင့် Force Touch Display ကို အသုံးပြုထားပေးခြင်း၊ ကိုယ်ထည်ကို Corning Gorilla Glass 5 ဖြင့်ဖုံးအုပ်ထားခြင်း၊ OS က နောက်ဆုံးထွက် 6.0 (marshmallow) ကို အသုံးပြုထားပေးခြင်း၊ 20 Megapixel အရည်အသွေးရှိ ကင်မရာ ကို တပ်ဆင်ပေးထားခြင်း စသည်တို့ဖြစ်ပါတယ်။

Screen size 5.1” ရှိပြီး Resolution မှာလည်း (2560x1440) Quad HD Super AMOLED မျက်နှာပြင်ကို အသုံးပြု ပေးထားသောကြောင့် ရုပ်ထွက်မှာလည်းကြည်လင်ပြတ်သားမှုရှိပြီး Graphic မြင့်မားသော ဂိမ်းတွေ၊ ဗီဒီယိုတွေကိုကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်း၏အရှေ့နှင့်အနောက်ကာဗာကိုလည်း အစင်းရာ၊ အခြစ်ရာ များဖြစ် ပေါ်မှုမှ ကင်းဝေးအောင် Corning Gorilla Glass 5 ဖြင့်ဖုံးအုပ် ကာကွယ်ပေးထားသည့်အပြင် ဘေးဘောင်များကိုလည်း အရည်အသွေးကောင်းမွန်၊ခိုင်မာသော အလူမီနီယံသတ္တုဘောင်ဖြင့် တည်ဆောက်ပေးထားပါတယ်။

Processor အနေဖြင့်လည်း 64bit Octa Core ကိုအသုံးပြုပေးထားတဲ့အတွက် လုပ်ဆောင်ချက်တွေကို မြန်ဆန်ပေါ့ပါးစေမှာဖြစ်ပါ တယ်။ RAM 4GB အထိပါရှိသောကြောင့် အချက်အလက်တွေကို လျှင်မြန်စွာကူးပြောင်းနိုင် မှာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏအနေဖြင့် 32/64/128GB ဖြစ်ပြီး Memory Card Slot မပါဝင်ပါ။ Android OS က နောက်ဆုံးထွက် 6.0 (marshmallow) အမျိုးအစားကိုထည့်သွင်းမောင်းနှင်ပေးထားပြီး အားသွင်းကြိုးဖြင့် ချိတ်ဆက်အားသွင်းစရာမလိုသော Wireless Charging စနစ်ပါဝင်ပါတယ်။ အသေးစိတ်အချက်အလက်များကို http://www.gsmarena.com/samsung_galaxy_s7-7821.php တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများကို UNiQUE ၏ ဆိုင်ခွဲများအားလုံးတွင် တူညီသောပစ္စည်း၊ တူညီသောဈေးနှုန်း၊ တူညီသောဝန်ဆောင်မှု များနှင့်အတူ စုံစုံလင်လင်ဈေးနှုန်းမှန်ကန် စွာဖြင့် စိတ်တိုင်းကျ ၀ယ်ယူနိုင်အောင် ‪#‎အကောင်းဆုံးဝန်ဆောင်မှု‬ များဖြင့် ရောင်းချပေးနေပါသည်။

UNiQUE Facebook Page ၏ Message Box တွင်မေးထားသော မေးခွန်းများကို နေ့စဉ် နံနက်(၉)နာရီခွဲမှ ညနေ (၆)နာရီခွဲ အချိန်အထိ ဖြေကြားပေးသွားပါမည်။ တင်ထားပေးသော Post များအောက်ရှိ Comment Box တွင် မေးထားသော မေးခွန်းများကိုလည်း အဆိုပါအချိန်အတိုင်း အတတ်နိုင်ဆုံးပြန်လည်ဖြေကြားပေးသွားပါမည်။ သို့ပါသော်လည်း Internet Connection နှေးကွေးသည့် အခက်အခဲကြောင့် အချို့ Post အဟောင်းများရှိ Comment များကို ပြန်လည် ကြည့်ရှုရန် ခက်ခဲသည့်အတွက် ပြန်လည်မဖြေဆိုပေးနိုင်သည်ကို ခွင့်လွှတ် နားလည်ပေးစေချင်ပါသည်။

စိတ်ပါဝင်စားသော Customer များအနေဖြင့် UNiQUE IT & Mobile Center မှာ စုံစမ်းမေးမြန်းနိုင်ပါ သည်။

Credit to ==> UNiQUE

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download