2/22/2016

♪ “ဈေးနှုန်းသက်သာပြီးဘက်ထရီတာရှည်ခံနိုင်စွမ်းနဲ့ OPPO Mirror 5” ♫


ပြည်တွင်းဈေးကွက်ထဲမှာရောင်းချနေတာအချိန်အတန်ကြာပေမယ့် အခု အချိန်ထိသုံးစွဲသူတွေနှစ်ခြိုက်စွာ ၀ယ်ယူနေတဲ့ဖုန်းတစ်မျိုးရှိပါတယ်။သူက တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် OPPO ကထုတ်တဲ့ဖုန်း လေး ဖြစ်ပြီး OPPO Mirror 5 ပဲဖြစ်ပါတယ်။ OPPO လို့ပြောလိုက်မယ်ဆိုရင် လက်ရှိအချိန်ပြည်တွင်းဈေးကွက်မှာ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေ ရောင်းချနေသည့် ကုမ္ပဏီလို့လူသိများပါလိမ့်မယ်။ စမတ်ဖုန်းကုမ္ပဏီ အများစုနဲ့ ကွဲပြားချက်တစ်ခု OPPO မှာရှိပါတယ်။ အဲဒါကတော့ သူတို့ဆီက ထုတ်တဲ့ high-end ဖုန်းတွေမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို တန်ဖိုးနည်း ဖုန်းတွေမှာထည့်သွင်းပေးထားလို့ပါပဲ။ ဈေးသက်သာတယ်ဆိုပေမယ့် သူ့မှာ ထည့်သွင်းတည်ဆောက်ပေးထားတဲ့ ဒီဇိုင်းပိုင်းကတော့ လှပသစ်လွင်တဲ့ ပုံစံလေးပါ။ Curve-edge အနောက်ကာဗာဟာ လက်ထဲမှာ ချောမွေ့တဲ့ အသွင်အပြင်ကိုပေးစွမ်းမှာဖြစ်ပါတယ်။
<Design>
တည်ဆောက်မှုပုံစံဒီဇိုင်းပိုင်းမှာ ကြည့်လိုက်မယ်ဆိုရင်တော့ Mirror5 ဟာ Mid-range စမတ်ဖုန်းလို့ ဆိုနိုင်တဲ့ R1 နဲ့အတော်လေးကိုတူညီပါတယ်။ Mirror5 ဟာ 5.0 လက်မရှိမှာဖြစ်ပါတယ်။ Display ဖော်ပြနိုင် စွမ်းကလည်း 540 x 960 pixels ဖြစ်ပါတယ်။ PPI ပိုင်းကိုပြောရမယ်ဆိုရင် 220 ကိုသာ သုံးထားတာကြောင့်အရမ်းကြီးရှင်းလင်းနေမှာမဟုတ်ပါဘူး။ အလေးချိန် ကတော့ 160g ရှိပြီး၊ အိတ်ကပ်ထဲမှာထည့်ထားနိုင်သလို၊ လက်ထဲမှာ ကိုင်တွယ်ထားရင် အလိုက်သင့်အနေအထားရှိနေမှာပါ။ မျက်နှာပြင်ကိုတော့ Black Screenအပြည့် ရရှိနိုင်မှာမဟုတ်ပါဘူး။ 7.7mm အထူရှိတာကြောင့် 7.1mm ရှိတဲ့ R1 ထက်စာရင်အနည်းငယ်မဆိုလောက် လေးထူတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဘေးဘောင်လေးတွေဟာ 0.30inch သာရှိ တာကြောင့် 5.0 လက်မမျက်နှာပြင်ကို အပြည့်အ၀အသုံးချနိုင်ပါလိမ့်မယ်။ ကိုယ်ထည်ကိုတော့ ပလတ်စတစ်နဲ့တည်ဆောက်ထားပါတယ်။ စပီကာကို တော့ဖုန်းရဲ့ နောက်ကျောပိုင်းအောက်ဘက်မှာ တပ်ဆင်ပေးထားပြီး၊ အောက်ဘက်မှာ တော့ USB အားသွင်းကြိုးပေါက်ကိုတွေ့ရမှာပါ။ Power ခလုတ်ကိုတော့ ညာဘက်ဘေးမှာတပ်ဆင်ထားပြီး၊ အသံအတိုးအကျယ် ခလုတ်ကိုတော့ အခြားဘက်မှာတွေ့ရမှာပါ။
<Software & Hardware>
OS ပိုင်းအတွက်ကတော့ opensource ဖြစ်တဲ့ android ကို ပြန်လည် ပြင်ဆင်ရေးသားထားတဲ့ Color OS 2.1 ကို သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် OPPO က ထောက်ပံ့ထားတဲ့ လုပ်ဆောင်ချက်တွေသာမက ဘဲ၊ android ရဲ့ ၀န်ဆောင်မှုတွေကို လည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ system update ကိုလည်း လွယ် လင့်တကူပြုလုပ်လို့ရနိုင်မှာဖြစ်ပြီး မှတ်သားစရာတွေအတွက်အသုံးပြုရတဲ့ Note ကိုသုံးစွဲတဲ့အခါမှာ ပုံတွေနဲ့တွဲ လျက် မှတ်တမ်းပြုလုပ်ထားနိုင်မှာဖြစ်ကာ lock ပြုလုပ်လိုသူတွေအတွက် third party app တွေသုံးစရာမလို အောင် lock function ကိုတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက်ကတော့ app encrypt, data saving, guest mode, Permission monitor နဲ့အတူ block (6) မျိုးပါဝင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်စာသားမက်ဆေ့ တွေကိုလည်း လိုအပ်သလိုထိန်းချုပ်ပြီး timer ပြုလုပ်ပေးပို့လို့ရနိုင်ပါ လိမ့်မယ်။ ညဘက်တွေမှာ အင်တာနက်အသုံးပြုပြီးတဲ့အခါမှာ မေ့လျော့ပြီး အိပ်တတ် သူတွေအတွက် လည်း အဆင်ပြေအောင်လို့ ဖုန်းကနေ (၂) စက္ကန့် ဆိုတာနဲ့ မိုဘိုင်းဒေတာ ကိုဖြတ်တောက်ပေးပါတယ်။ စစ်မှန်တဲ့ လုပ်ဆောင်ချက် တွေကို မြန်ဆန်စွာစွမ်းဆောင်နိုင်စေဖို့အတွက် Quad-core 1.2 GHz Cortex-A53 ကို Adreno 306 GPU နဲ့ ထောက်ပံ့ပေးထား တာကြောင့် HD ဂိမ်းတွေကို လျင်မြန်စွာဆော့ကစားနိုင်ပါလိမ့်မယ်။ တစ်နည်းအား ဖြင့်ပြောရမယ်ဆိုရင် ဒါဟာ Qualcomm MSM8916 Snapdragon 410 ကိုသုံးထားတာပါ။ အချက်အလက် သိုလှောင်သိမ်းဆည်း နိုင်စွမ်း အတွက်ကတော့ 16GB ဖြစ်ပြီး၊ 2GB RAM ကို တပ်ဆင်ပေးထားပါ တယ်။ SD card ထပ်မံထည့်သွင်းပြီးတော့ 128GB အထိတိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။
<Feature>
ဒီဖုန်းကို အဓိကနှစ်ခြိုက်သွားစေမယ့်အချက်ကတော့ ဈေးနှုန်းသက်သာတဲ့ အပြင် 8MP ကင်မရာစနစ် နဲ့ gesture လုပ်ဆောင်ချက်အများအပြား သုံးစွဲနိုင်ဖို့ ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။ တပ်ဆင်ပေးထား တဲ့ ကင်မရာဟာ 8MP ဖြစ်ပြီး၊ အရှေ့ဘက်ကင်မရာငယ်ကိုတော့ 5MP သာ တပ်ဆင်ပေးထားတယ်။ ကင်မရာ ရိုက်တဲ့အချိန်မှာ tap shutter ကို အသုံးပြုပြီးရိုက်လိုက်မယ်ဆိုရင် လျင်မြန်တဲ့လှုပ်ရှားမှုတွေကို အနှေးလှုပ်ရှား မှုအဖြစ် ပြောင်းလဲမြင်တွေ့ရမှာဖြစ်ပါတယ်။ Audio Photo စနစ်ကို သုံးစွဲပြီး တော့လည်း ရုပ်ပုံတွေကိုအသံနဲ့ ပေါင်းစပ်ပြီးသိမ်းဆည်း နိုင်ဦးမှာဖြစ်ပါ တယ်။ ဓာတ်ပုံတွေကိုရိုက်ကူးတဲ့အချိန်မှာ location ကို ဖွင့်ပြီးရိုက်ကူးမယ် ဆိုရင် မိမိရိုက်ကူးလိုက်တဲ့ပုံဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ ရိုက်ကူးလိုက် တယ်ဆိုတာကို ပြန် လည်သိ ရှိနိုင်မှာဖြစ်ပါတယ်။ Gif Mode မှာ ရိုက်ကူး မယ်ဆိုရင်တော့ ဓာတ်ပုံ(၂၀)ကို တစ်ခါတည်းရိုက်ကူးပေးပြီး လှုပ်ရှားနေ တဲ့ပုံတွေအဖြစ် ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ လျှပ်တစ်ပြက်ပုံရိပ်တွေ ရိုက်ကူးလို သူတွေအ တွက် ကင်မရာစွမ်းဆောင်နိုင်စွမ်းက ကောင်းမွန် လွန်းပြီး ကင်မရာက 0.6 စက္ကန့် အတွင်းပွင့်ပါတယ်။ ပြီးတော့ ဖုန်းမှာ ဘယ်လိုလုပ်ဆောင် ချက်တွေပဲလုပ်နေနေ screen ပေါ်မှာ လက်သုံးချောင်း ကို ဆွဲစုလိုက်မယ်ဆိုရင် ကင်မရာလုပ်ဆောင်ချက်ဆီ ချက်ချင်းတန်းရောက် သွားမှာဖြစ်ပါတယ်။ အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ရိုက်ကူးမယ် ဆိုရင်လည်း အလင်းအမှောင်ကို ရိုက်ကူးမယ့်နေရာနဲ့ကိုက်ညီအောင် လိုသလိုချိန်ညှိပေးဦးမှာဖြစ်ပါတယ်။ Gesture စနစ်ကလည်း ပြည့်စုံပါ တယ်ဆိုတာထက် တောင်ပိုပါသေးတယ်။ ColorOS ပါရှိတာကြောင့် Security Mode, Gloves Mode, Screen Off Gesture 13 မျိုးကို သုံးစွဲနိုင် မှာပဲဖြစ်ပါတယ်။
သူ့မှာ နောက်ထပ်ပါဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုရှိပါသေးတယ်။ အဲဒီ လုပ်ဆောင်ချက်ကတော့ air gesture ဖြစ်ပြီး၊ ဖုန်းကို လက်နဲ့ထိတွေ့စရာ မလိုဘဲ ဖုန်းပေါ်မှာ လက်ဝှေ့ယမ်းလိုက်ရုံနဲ့ Home screen ဖွင့်တာ၊ Photo, Mail ဖတ်ရှု တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ Gesture စနစ်တွေကြောင့် ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ 'V' သင်္ကေတ ပြုလုပ်လိုက်တာနဲ့ flash မီးကိုဖွင့်ပေးမှာဖြစ်ပြီး၊ မျက်နှာပြင်ပေါ်မှာ အ၀ိုင်းပုံစံလေးပြုလုပ်လိုက် မယ်ဆိုရင်တော့ ကင်မရာလုပ်ဆောင်ချက်ကို သုံးစွဲနိုင်စေဖို့အတွက် အသင့် ဖြစ်နေမှာပါ။ Power saving လုပ် ဆောင်ချက်ကို သုံးနိုင်မှာဖြစ်ပြီး အသုံးပြု ထားတဲ့ app တွေကို ရှင်းထုတ်ပြီး၊ ပြန်လည် သုံးစွဲချင်တဲ့အခါမှာလည်း လွယ်လင့်တကူဖွင့်လှစ်နိုင် အောင်ပြုလုပ်ထားလို့ရပါတယ်။ ဒါကတော့ ပုံမှန်အတိုင်း ရှင်းထုတ်ပစ်တဲ့ အခါမှာ မသုံးမဖြစ်တဲ့ app တွေကို lock ပြုလုပ်သိမ်းဆည်းထားနိုင်မှာပဲဖြစ်ပါတယ်။ icon တွေကိုအစီအစဉ်ချ တဲ့အခါမှာလည်း ဖုန်းကိုလှုပ်ရမ်းလိုက်တာနဲ့ icon တွေကိုစီပေးမှာ ဖြစ်ပါတယ်။ အခြားဖုန်းတွေမှာလိုမျိုး icon တစ်ခုချင်းစီပေါ်မှာ ဖိဆွဲပြီး လိုက်စီဖို့လိုအပ်တော့မှာ မဟုတ်ပါဘူး။ အဓိကအားသာချက်ကတော့ မြန်မာနိုင်ငံဈေးကွက်အတွက် ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် မြန်မာစာစနစ်ကိုပါတစ်ပါတည်း ထည့်သွင်းပေးထား တာဖြစ်ပါတယ်။
လက်(၃)ချောင်းကိုအသုံးပြုပြီး မျက်နှာပြင်ရဲ့အထက်ကနေ အောက်ကို ဆွဲချလိုက်မယ်ဆိုရင် တော့ screenshot ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Screen ကို ပွင့်လိုတယ်ဆိုရင် ဖုန်း screen ပေါ်မှာလက်နှင့် နှစ်ချက်ပုတ်ပေးလိုက်ရုံ နဲ့ သုံးလို့ရမှာဖြစ်ပြီး၊ screen off ပြန်လုပ်ချင်တယ်ဆိုရင်တော့ home button ပေါ်မှာ နှစ်ချက်ပုတ်ပေးရမှာဖြစ်ပါတယ်။
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ အသွင်အပြင်ပိုင်းမှာ တစ်မူထူးခြားပြီးကိုင်ရတာ စမတ် ကျတဲ့ဖုန်းအဖြစ်သတ်မှတ်နိုင်မှာပါ။ ဘက်ထရီကိုလည်း တာရှည်ခံနိုင်စွမ်းအားရှိတဲ့ Li-Po 2420mAh ကိုတပ် ဆင်ပေးထားပြီး ဖြုတ်တပ်ပြုလုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ နောက်ဘက် ကာဗာကိုတော့ ခွာထုတ်ပစ်ရမှာဖြစ်ပြီး၊ Sim Card, SD Card တွေကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ကင်မရာလုပ်ဆောင်ချက်ကတော့ သာမန် အဆင့်သာရှိမှာဖြစ်ပါတယ်။ gesture လုပ်ဆောင်ချက်တွေကိုလည်း သုံးစွဲနိုင်မှာဖြစ်သလို ပေးရတဲ့ဈေးနဲ့သင့်တင့်တဲ့ စွမ်းဆောင်မှုကို ရရှိပါ လိမ့်မယ်။ Sim ကတော့ နှစ်ကတ်သုံးအမျိုးအစား ဖြစ်ပြီး၊ Micro Sim,nano sim ထည့်သွင်းရမှာဖြစ်ပါတယ်။ ကင်မရာကလည်း ကိုယ်ထည်မှာ မြှုပ်နှံထား သလိုဖြစ်တာကြောင့် ထိခိုက်မိမှာကို စိုးရိမ်စရာလိုအပ်တော့မှာမဟုတ် ပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com