2/05/2016

♪ “Huawei Honor Holly 2 Plus ကိုမိတ်ဆက်” ♫


Huawei က ၂၀၁၄ ခုနှစ်မှာရောင်းချခဲ့တဲ့ Honor Holly ရဲ့ မျိုးဆက် Honor Holly 2 Plus ကိုမိတ်ဆက်လိုက် ပါတယ်။ Holly 2 Plus မှာ 64-Bit Mediatek MT6735P SoCမောင်းနှင်မှာဖြစ်ပြီး Quad-Core CPU ထည့်သွင်းထားပါ တယ်။ Mali 720 GPU တပ်ဆင်ထားပါတယ်။ ငါးလက်မ HD 720p IPS Display တပ်ဆင်ထားပါတယ်။

2GB RAM, 16GB Internal Storage ထည့်သွင်းထားပြီး 128GB အထိ ၀င်ဆန့်တဲ့ microSD Card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အနောက် ဘက်တွင် 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ 4000mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ Polycarbonate ပလတ်စတစ် ကိုယ်ထည်တပ်ဆင်ထားပြီး အကွက်အပြောက် များဖြင့် ဒီဇိုင်း ဖော်ထားပါတယ်။ Holly 2 Plus မှာ Dual-SIM ဆက်သွယ်မှုကို အသုံးပြုနိုင် ပါတယ်။

4G LTE, WiFi, Bluetooth, GPS/A-GPS/GLONASS, MicroUSB ဆက်သွယ်မှုများကို အသုံးပြုနိုင်ပါတယ်။ CDMA ကွန်ရက်ကိုအထောက် အပံ့ပေးပါတယ်။ ၀ယ်ယူသူများအတွက် ၁၅ လအထိ Warranty ပေးထားပြီး ရက်ပေါင်း ၃၀ အတွင်းမှာမျက်နှာပြင်ကိုအခမဲ့ လဲလှယ်နိုင်ပါတယ်။ Holly 2 Plus ကိုအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာမိတ်ဆက်လိုက်တာဖြစ်ပါတယ်။

 ဈေးနှုန်းကိုတော့ တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် ရူပီး ၁၀ ၀၀၀ အောက်မှာရှိမယ်လို့ ယူဆရပါတယ်။ ဒေါ်လာ ၁၄၅ ၀န်းကျင်ဖြစ်ပါ တယ်။ Huawei က Honor Holly 2 Plus အပြင် Honor 5X ကိုလည်းအိန္ဒိယနိုင်ငံမှာ ရောင်းချပေးလိုက်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com