2/17/2016

♪ Huawei GR5 ရဲ့ အားသာချက် အားနည်းချက် နည်းပညာ နှင့် အသေးဖော်ပြချက်များ ♫


Device Support : Huawei
Price : 289,000

အားသာချက်
ဖုန်းတွင်ဖွဲ့စည်း တည်ဆောက်ထားသော CPU, GPU, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သည့်အပြင် ဖုန်းအချက်အလက် လုံခြုံရေးအတွက်လည်း Finger Print စနစ်ပါဝင်သည်။ Finger Print တစ်ခုတည်းဖြင့် ဖုန်းလုပ်ဆောင်ချက် တော်တော်များများကို အသုံးပြုနိုင်မည်ဖြစ်ပြီး ကင်မရာပိုင်းနှင့် မှတ်ဉာဏ်ပိုင်းတွင် လည်းကောင်းမွန်သည်။
အားနည်းချက်
Gesture Sensor ပိုင်းတွင် Screen On အတွက် Double Tap စနစ်ဖြင့် အသုံးပြုနိုင်သော်လည်း Screen Off အတွက် Gesture စနစ် မပါဝင်ပါ။ Sim Card Slot ပိုင်းတွင်လည်း Sim Slot 2 မှာ SD Card နှင့်အတူ တွဲထားခြင်းကြောင့် Memory Card ဖြစ်စေ Sim Card ဖြစ်စေ ထုတ်သွင်းလဲလှယ် ပြုလုပ်ချင်သည့် အချိန်တိုင်းတွင် Sim Card နှင့် SD Card နှစ်ခုလုံးအား ထုတ်သွင်းပြုလုပ် ရမည်ဖြစ်သည်။
မြင်ကွင်း
၅.၅ လက်မရှိသော Full HD IPS LCD Screen ဖြစ်ပြီး 1080 x 1920 Pixels ထိ ရရှိနိုင်မည် ဖြစ်သည်။
ဒီဇိုင်း
လှပသော ပုံစံဒီဇိုင်းမျိုးရှိပြီး လေးထောင့်ဆန်ဆန် တည်ဆောက်ထား သည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ကျယ်ပြန့်သော ပုံစံမျိုးရှိသည့်အပြင် အလေးချိန်ပေါ့ပါးသော ဖုန်းအမျိုးအစား ဖြစ်သည်။ စပီကာများအား ဖုန်း၏အောက်ခြေဘောင်ရှိ USB Port ၏ ဘေးတစ်ဘက် တစ်ချက်စီတွင် တပ်ဆင်ပေးထားပြီး နောက်ဘက်ကင်မရာမှာ ကိုယ်ထည်မှ အနည်းငယ် ဖောင်းကြွပုံစံမျိုးရှိသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၁၃ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၆၃ စင်တီမီတာနှင့် ထုထည်မှာ ၀.၈၁၅ စင်တီမီတာ ရှိမည်ဖြစ်ပြီး အနည်းငယ်ထူသည်ဟု ထင်ရသော်လည်း နောက်ဘက်ကာဗာ အခုံးပုံစံကြောင့် ပါးသည်ဟုခံစားရပြီး အလေးချိန် ပေါ့ပါးခြင်းကြောင့် ကိုင်တွယ်အသုံးပြုချိန်တွင် အဆင်ပြေနိုင်မည် ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
Octa-core 4×1.5GHz & 4×1.2GHz တို့ပါဝင်သော Octa core CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Qualcomm Adreno 405 GPU ကို ထည့်သွင်းပေးထားသည်။ မှတ်ဉာဏ်မှာ 16GB နှင့် RAM 2GB ပါဝင်ပြီး ထပ်တိုးအသုံးပြု နိုင်ရန်အတွက် Micro SD Card 32 GB ထိ ထပ်တိုးနိုင်မည် ဖြစ်သည်။ 13 Mega Pixel နောက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth 4.1, USB 2.0 နှင့်  Li-Ion 3000mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။ GSM စနစ်သုံးဖုန်းဖြစ်ပြီး 2G/ 3G/ 4G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Micro Sim တစ်ကတ်နှင့် Nano Sim တစ်ကတ် အသုံးပြု ရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နှင့်အတူ အတွဲလိုက်ရှိနေမည် ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါ GR5 သည် ဖုန်း၏ Finger Print စနစ်ပိုင်းတွင် ဆန်းသစ်သော ဖုန်းအမျိုးအစား တစ်ခုဟု ဆိုနိုင်ပြီး Finger Print ပိုင်းမှာ ဖုန်းအချက်အလက် လုံခြုံရေးအပြင် အခြား ဖုန်းအသုံးပြု စနစ်များကိုလည်း ထိန်းချုပ်နိုင်သော ပုံစံမျိုးရှိသည်။ မှတ်ဉာဏ်ပိုင်းတွင်လည်း သင့်တင့်ကောင်းမွန်သော မှတ်ဉာဏ်မျိုးရှိနေပြီး CPU, GPU ပိုင်းတို့တွင်လည်း ကောင်းမွန်သည်။
နည်းပညာ
ဖုန်းအောက်ခြေရှိ Home, Back, Menu အစရှိသော Android Key များအား မိမိစိတ်ကြိုက် ပုံစံမျိုးပြောင်းလဲ အသုံးပြုနိုင်သည့်အပြင် Gesture စနစ်ပိုင်းတွင်လည်း Double Tap စနစ်ဖြင့် Screen ဖွင့်ခြင်း၊ Screen ပေါ်တွင် သတ်မှတ်သင်္ကေတများ ရေးဆွဲကာ စနစ်များအတွင်း တိုက်ရိုက်ဝင်ရောက်ခြင်း အစရှိသော စနစ်များကို အသုံးပြုနိုင်သည်။ Finger Print စနစ်မှာလည်း ဖုန်းလုံခြုံရေးအတွက် အပြင် ဖုန်း၏ Notification Bar အား ဖွင့်ပိတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ Recent App များခေါ်ခြင်း၊ Back, Home စနစ်များ အသုံးပြုခြင်း ဖုန်းပြောခြင်း၊ Alarm ပိတ်ခြင်း အစရှိသော လုပ်ဆောင်ချက်များကိုလည်း Finger Print ပေါ်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာ ပိုင်းတွင်လည်း Audio Note, Slow Mo, All Focus, Watermark အစရှိသော စနစ်များအား အသုံးပြုနိုင်မည် ဖြစ်သည်။ ရှေ့ကင်မရာ စနစ်တွင် Screen Flash စနစ်ပါဝင် လာသောကြောင့် အလင်းအားနည်းသော နေရာများတွင်လည်း Selfie ကောင်းကောင်း ရိုက်နိုင်မည် ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com