စမတ်ဖုန်းများသည် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ်မှ လူတိုင်းသုံးစွဲလာကြပြီး
ယခုအခါတွင် ပို၍ ပို၍ ဈေးသက်သာလာ ခဲ့သည်။ ယခုကာလတွင် Mid-range Android
ဖုန်းတစ်ခုအား ဒေါ်လာ ၂၀၀ ၀န်းကျင်ဖြင့် ရရှိနိုင်ပြီဖြစ်သည်။ Bluboo သည်
ယခုအခါဈေးသက်သာသည့် စမတ်ဖုန်းအဓိပ္ပါယ်အား အသစ်ထပ်မံဖွင့်လှစ်ခဲ့ပြီး XFire
2 သည် အများမျှော်လင့်ထားသည်ထက် ကောင်းမွန်နေခဲ့သည်။
တရုတ်ဖုန်းအမှတ်တံဆိပ်များစွာရှိနေပြီး လူသိများခြင်း မရှိသော်လည်း Bluboo မှာမူ အထူးစိတ်ဝင်စားစရာကောင်းသည့် XFire 2 အား ထုတ်လုပ်နိုင်ခဲ့သည်။ ၅၉.၉၉ ဒေါ်လာတန် XFire 2 သည် သတ္တုဖြင့်တည်ဆောက်ထားသည့် Unibody ပါဝင်ပြီး 2.5D Glass ဖြင့် ဖုံးအုပ်ထား ကာ ကျောဘက်တွင်လည်း Fingerprint Sensor ပါဝင်ခဲ့သည်။
Specs များမှာလည်း လက်ခံနိုင်စရာ ဖြစ်ပြီး ၅ လက်မအရွယ် HD Display ပါဝင်ကာ MediaTek MTK6580 quad-core processor နှင့် Mali 400 GPU တို့ ပါဝင်သည်။ RAM 1GB နှင့် Storage 8GB ပါဝင်ကာ Micro SD ဖြင့်ပဲ 32GB ထပ်မံမြှင့်တင်နိုင် မည်ဖြစ်သည်။ အဓိက ကင်မရာမှာ 5MP ဖြစ်ပြီး ရှေ့ဘက်တွင် 2MP ကင်မရာပါဝင်သည်။
2150mAh ဘက်ထရီကိုသုံးထားပြီး XFire 2 အတွက် Android 5.1 Lollipop အားသုံးစွဲပေးထားသည်။ Bluboo XFire 2 အတွက် အဓိကအားနည်းချက်မှာ 4G LTE မပါဝင်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၆၉.၉၉ ဒေါ်လာဈေးရှိမည် ဟု သိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal