2/22/2016

♪ Design ဆန်းဆန်းဖြင့် ပွဲထွက်လာတဲ့LG G 5 မိတ်ဆက် ♫


၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင်ပြုလုပ်သော MWC ကမ္ဘာ့ စမတ်ဖုန်းပြပွဲ အကြိုမှာ LG မှ ၎င်းတို့၏ Flagship စမတ်ဖုန်း LG G5 ကိုမိတ်ဆက်ခဲ့ ပါတယ်။ဈေးကွက်အတွင်းရောက်နေပြီးသား အခြားစမတ်ဖုန်းတွေနဲ့ကွဲပြားပြီးဒီဇိုင်းဆန်းဆန်း အရည် အသွေးမြင့်မြင့်နဲ့ LG G5 ကိုတွေ့ရမှာဖြစ်ပါတယ်။ Metallic Sport Body အမျိုးအစားဖြစ်ပြီး အရွယ်အစား မျက်နှာပြင်အကျယ် ၅.၃ လက်မ ရှိသည်။ Quad HD Display ကို Gorilla Glass 4 ဖုံးအုပ်ထားတာကြောင့်မာကျောမှုအပြည့်ရှိပြီး မျက်နှာပြင်အရည်အသွေးကတော့ 1440× 2560 pixels (554 ppi) resolution ရှိတာကြောင့်ရုပ်ထွက်ကြည်လင်တောက်ပကောင်းမွန်မှာမလွဲပါဘူး။

 

Qualcomm Snapdragon 820 64 bit ပရိုဆက်ဆာတတ်ဆင်ထားပြီး RAM 4 GB နှင့်မောင်းနှင်ထားတာကြောင့် မြန်ဆန်တဲ့ တုန့်ပြန်မှုကိုသုံးစွဲသူအနေနဲ့ခံစားရမှာဖြစ်ပါတယ်။G 5 ရဲ့ထူးခြားမှုတစ်ခုက ၎င်းရဲ့ကင်မရာပါ သာမာန် 16 MP အရည်အသွေး ရှိတဲ့ ကင်မရာတစ်လုံးနဲ့ဓာတ်ပုံရိုက်ယူမယ်ဆို Lens ရဲ့အကျယ် wide ဟာ 78 degree ထိပဲရှိပါတယ်။ဒါကို LG က 8MP ကင်မရာတစ်လုံးနဲ့ပေါင်းစပ်ပြီး ကင်မရာ wide ကို 135 degree ထိထပ်မံတိုးချဲ့ပေါင်းစပ်နိုင်တာကိုတွေ့ရမှာပါ။

 

လူသားတွေရဲ့မျက်လုံးအိမ်ထက် 15 degree ပိုမိုချဲ့ပြီးရိုက်ကူးနိုင်တာကြောင့် မြင့်မားတဲ့ အဆောက်အဦးတွေ ၊ Landscapes ရူ့ခင်းပုံတွေနဲ့ Groupဓာတ်ပုံတွေရိုက်ကူးတဲ့အခါမှာ အသုံးချနိုင်ပါတယ်။ ပင်မကင်မရာကို 16+8 MP တပ်ဆင်ထားပြီး Secondary ကင်မရာကို 8MP တပ်ဆင်ထားသည်။ကျောဘက်ပင်မကင်ရာ အောက်ဘက်တွင် လက်ဗွေလုံခြုံရေးစနစ် Fingerprint scanner ပါရှိသည်။စမတ်ဖုန်း Memory 32 GB ပါဝင်ပြီး MicroSD 128 GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်သေးသည်။ Snapdragon 820 ကြောင့် Quick 3.0 ကပိုမိုအသက်ဝင်လာစေပြီး ဘက်ထရီ ကိုလျင်မြန်စွာအားသွင်းနိုင်စေသည်။

 

LG G5 မှာ 2800 mAh battery တပ်ဆင်ထားသည်။ ဘက်ထရီကိုစမတ်ဖုန်းအောက်ခြေမှာ Slide ထုတ်သောစနစ်အသုံးပြုသည့်ပထမဆုံးစမတ်ဖုန်းဖြစ်လာပြီး ထို Magic Slot မှတဆင့် 1200 mAh ဘက်ထရီအပိုပါဝင်ပြီးဓာတ်ပုံများရိုက်ကူးရာမှာလွယ်ကူစေသော CAM Plus နှင့် speakerအဖြစ်အသုံးပြုရန် LG HiFi plus များတပ်ဆင်အသုံးပြုနိုင်သည်။ Silver , Titan , Gold , Pink စသောအရောင်များရွေးချယ်နိုင်ပြီး Dual sim အမျိုးအစားဖြစ်သည်။ Android v 6.0 marshmallow နဲ့လည်ပတ်ထားပြီး USB C type ဖြစ်သည်။


Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com