2/04/2016

♪ “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 900 MHz လှိုင်းနှုန်းအား 3G စနစ်ထည့်သွင်းတပ်ဆင်” ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ယခင်ရှိနှင့်ပြီးဖြစ်သော 900 MHz လှိုင်းနှုန်းအား 3G စနစ် ထည့်သွင်း တပ်ဆင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မူလတည်ဆောက်ထားရှိသော MPT မိုဘိုင်းတာဝါတိုင်များတွင် 2.1 GHz လှိုင်းအပြင် 900 MHz လှိုင်းကိုပါ 3G စနစ်ထည့်သွင်း တပ်ဆင်လိုက်ခြင်းဖြင့် MPT ၏ 3G ကွန်ရက်ကို ပိုမိုကျယ်ပြန့်လာစေပါသည်။ ယခင်က 3G ၀န်ဆောင်မှုကို မြန်မာပြည်လူဦးရေ၏ ၆၀% ကိုသာ ပေးခဲ့နိုင်သော်လည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလဆန်း ပိုင်းမှစပြီး ၉၀% ကျော်အထိနှင့် ၂၀၁၆ ခုနှစ် မတ်လကုန်တွင် ၉၅% ရှိလာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါ သည်။လက်ရှိသုံးစွဲသူ ၁၈ သန်းကျော်ရှိနေခြင်းကြောင့်လည်း MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ရပ်တည်နေ ကြောင်းလည်း MPT ၏ တာဝန်ရှိသူမှဆိုပါသည်။

 MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က "MPT နဲ့ KDDI စပြီး အကျိုးတူ ပူးပေါင်းကတည်းက 2G ရော 3G ပါ နှစ်ခု လုံးဦးစားပေးအနေနဲ့သွားခဲ့တယ်။ အစမှာ 900 MHz က 2G ကိုသွားပြီး 2.1 GHz က 3G အနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုကတော့ 900 MHz ကိုပဲ 3G ကွန်ရက်ချဲ့ ထွင်တာဖြစ်လို့ အရင် 2G ရနေတဲ့နေရာတွေအားလုံး 3G ရမှာဖြစ်ပါတယ်။ လက်ရှိလည်းနေရာ တော်တော် များများကို ချဲ့ထွင်ပြီး နေပါပြီ။

 ဖေဖော်ဝါရီလမှာတော့တစ်နိုင်ငံလုံး 3G ကွန်ရက်လွှမ်းခြုံနိုင်ဖို့ မျှော်မှန်းထားပါ တယ်။ Coverage အနေနဲ့ အရင် 2G ထက် သုံးဆပိုမြန်မှာ ပါ။ ဖေဖော်ဝါရီလကျရင် လူဦးရေရဲ့ 92% ကို 3G Coverage ရဖို့ မှန်းထား ပါတယ်။ 3G လိုင်းတက်ဖို့ ဆိုရင်တော့ ဆင်းကတ်နှစ်ကတ်သုံးတွေအနေနဲ့ Slot 1 မှာ ထည့်သုံးဖို့တော့ အကြံပြုချင်ပါတယ်” ဟုပြောသည်။

အဆိုပါ 3G ကွန်ရက် ချဲ့ထွင်မှုအား MPT အသုံးပြုသူအားလုံး ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ ဆင်းကတ် လဲလှယ်ရန် လိုအပ်မည် မဟုတ်ကြောင်းသိရသည်။ ဆွေသဟာ အသုံးပြုသူများ၏ အင်တာနက် မြန်နှုန်း ပိုမိုမြင့်မားမည် ဖြစ်ပြီး ဆွေသဟာ ရယူထားခြင်း မရှိသူများအနေဖြင့် 256 Kbps အမြန်နှုန်းကိုသာ ရရှိမည် ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com