Xiaomi က ၂၀၁၅ နိုဝင်ဘာလတွင် သူ့ရဲ့ ပထမဆုံး Fingerprint Sensor နဲ့
သတ္တုကိုယ်ထည် တပ်ဆင်ထားတဲ့ Redmi Note 3 ကို မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါ
ရှောင်မီက အဲဒီဖုန်းရဲ့ မူကွဲဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပြီး
တိုးတက်မှုများပါရှိလာပါတယ်။ ကွာခြားချက်နှစ်ခုပါရှိပြီး တစ်ခုမှာ MediaTek
Helio X10 Chipset အစား 64-bit 1.8GHz Hexa-Core CPU ပါတဲ့ Qualcomm
Snapdragon 650 တပ်ဆင်ထားပါတယ်။
Adreno 510 GPU နဲ့ VoLTE ကိုထောက်ပံ့တဲ့ X8 LTE ပါရှိပါတယ်။ တရုတ်မှ Mobile Carrier အားလုံးမှာ အလုပ်လုပ်ပြီး 4G+ Network ကို ထောက်ပံ့ပါတယ်။ အခြားပြောင်းလဲမှုတစ်ခုမှာ အနောက်ဘက်မှ 13 Megapixel Camera ကို 16 Megapixel Camera ဖြင့် အဆင့်မြှင့်ထားပါတယ်။ ကင်မရာမှာ Phase Detection Autofocus ပါရှိပါတယ်။ အခြား Specifications များမှာ တူညီပြီး ၅.၅ လက်မ 1080p Full HD Display တပ်ဆင်ထားပါတယ်။
2GB RAM, 16GB Internal Storage Version နဲ့ 3GB RAM, 32GB Internal Storage Version နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ 4050mAh Battery ထည့်သွင်း ထားပါတယ်။ 16GB Model ကို တရုတ်ယွမ် ၉၉၉ (ဒေါ်လာ ၁၅၁) သတ်မှတ် ထားပြီး 32GB Model ရဲ့ ဈေးနှုန်းကို မကြေညာသေးပါဘူး။
အိန္ဒိယနိုင်ငံ အတွက် မကြာမီမှာ ရောင်းချပေးမှာဖြစ်ပြီး ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်း ကိုမူ မသိရသေးပါဘူး။ Xiaomi က အိန္ဒိယမှာ Redmi Note 3 Explorer Challenge ကို စတင်ပြုလုပ်ပေးနေပြီး ရွေးချယ်ခံရတဲ့ အယောက်တစ်ရာ ဟာ ဖုန်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal