1/21/2016

♪ Xiaomi Redmi တွင် ကြီးမားသော 4100mAh ဘက်ထရီ ပါဝင်ရန်ရှိ " ♫


Xiaomi သည် Redmi 3 ၏ display အရွယ်အစားနှင့် စတင်ဖြန့်ချိရောင်းချမည့်ကာလတို့အား တရားဝင်ကြော်ငြာပြီးသည့်နောက် တစ်နေ့တွင် Redmi 3 ၌ ကြီးမားသော 4100mAh ဘက်ထရီပါဝင် လာမည်ဟု အတည်ပြုခဲ့သည်။

Weibo ၏ teaser post မှပင် ထိုသတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ Weibo post ၌ပင် Xiaomi မှ ကြီးမားသောဘက်ထရီ ပါဝင်သည့်တိုင် Redmi 3 သည် high energy density နည်းပညာ သုံးထားသဖြင့် ပါးလွှာမှုရှိသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် Redmi 3 တွင် ၅ လက်မ display နှင့် 4100mAh ဘက်ထရီတို့ ပါဝင်ရန် သေချာခဲ့သည်။

ထို့အပြင် ပုံများတွင်မြင်ရသည့် ဖုန်း၏နောက် ကျောဘက် ဒီဇိုင်းအရလည်း သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားရန်ရှိကြောင်း သိရသည်။ ကျန် specs များကိုမူ လက်ရှိတွင် မှန်းဆမှုများသာ ရှိသေးပြီး Snapdragon 616 SoC RAM 2GB တို့ပါဝင်မည်ဟု ဆိုထားသည်။ သိုလှောင်နိုင်စွမ်း 16GB ပါဝင်ကာ အဓိကကင်မရာမှာ 13MP ဖြစ်၍ ရှေ့တွင် 5MP ကင်မရာ ပါဝင်ရန်ရှိကြောင်း သိရသည်။

Android 5.1.1 Lollipop ကို စတင်သုံးစွဲမည်ဟု သိရသည်။ Redmi 3 သည် ဇန်နဝါရီ ၁၂ တွင် ထွက်ရှိမည်ဟု သတင်းများအရ သိရသည်။

NetGuide Journal (Every Wednesday) https://www.facebook.com/officialnetguidejournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com