1/11/2016

♪ “အိုင်တီသမားများရဲ့လက်စွဲWebsiteများ” ♫



အိုင်တီသမားများအဖို့ အမြဲတစေအင်တာနက်WebSiteများသုံးပြီး ပြဿနာ များကိုအဖြေရှာခြင်း၊ အသစ်သော သင်ခန်းစာများကိုလေ့လာခြင်း၊ utilities and toolsများကိုdownloadချသုံးစွဲခြင်း၊ သိလိုသည် များကိုမေးမြန်းခြင်း စသဖြင့် ပြုလုပ်ရလေ့ရှိသောလုပ်ငန်းသဘောသဘာဝရှိသည်ဖြစ်ရာအိုင်တီ သမားများ အတွက် များစွာအသုံးတည့်မည့်Websiteများကိုဖော်ပြ ပေးလိုက် ပါသည်။ယခုဖော်ပြပေးသော site များမှာအထူးသဖြင့် softwareပိုင်းနှင့် ပတ်သက်ပြီး အားကိုးအားထား ပြုနိုင်မည့်site များဖြစ်သည်။ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ဒီsiteတွေမှာလေ့လာမယ်ဆိုရင် များစွာ အကျိုးရှိနိုင်မှာဖြစ်သလို လုပ်ငန်းခွင်ဝင်တဲ့အခါများမှာ ထိထိရောက်ရောက် အကူအညီပြုနိုင်မှာ ပဲဖြစ်ပါတယ်။

<CODE PROJECT>
<http://www.codeproject.com>
ဒီsiteဟာ Microsoft.Netသမားများရဲ့လက်စွဲပဲဖြစ်ပါတယ်။ Desktop, Web,Mobile Development များအတွက် ဆောင်းပါးများ၊သင်ခန်းစာများစွာကိုလေ့လာနိုင်မည်ဖြစ်သလို ယနေ့ခေတ်မှာတကယ့် အသုံးကျလှသော CloudComputing,EnterpriseSystems များနဲ့ပတ်သက်ပြီးလည်း စုံလင်စွာ ရေးသားထားပါတယ်။ အထူးသဖြင့် C#,ASP.Net,VB .Net နှင့် C++များ အတွက် ပြည့်ပြည့်စုံစုံလေ့လာနိုင်မှာပဲဖြစ်ပါသည်။

မိမိတို့ပြဿနာဖြစ်နေ သော၊ ဖြေရှင်းမရနိုင်သော coding ပိုင်းများနှင့် ပတ်သက်ပြီးမေးမြန်းနိုင်ကာ ကမ္ဘာတစ်လွှားမှ programmerများက ၀ိုင်းဝန်းဖြေရှင်းပေးပါလိမ့်မည်။ Sample Projectကလေးများကိုလည်း zip ဖိုင်ဖြင့် downloadလုပ်ကာ စမ်းနိုင်လေ့လာနိုင်မှာ လည်းဖြစ်ပါတယ်။ codeprojectမှာ member ၀င်ထားနိုင်ကာ လတ်တလောmemberပေါင်း 10 သန်းကျော်ရှိပြီး တပြိုင်နက်ကြည့်ရှုသူပေါင်း 40000နီးပါးရှိသည်။

<STACK OVERFLOW>
<http://www.stackoverflow.com>
Stack Overflowကလည်းcode projectကဲ့သို့သောsoftware ပိုင်းနဲ့ ပတ်သက်ပြီးမိမိသိလိုသည် များကိုမေးမြန်းနိုင်မည့်ထိပ်တန်းsiteကြီးတစ်ခု လည်းဖြစ်ပါသည်။ Professionalများနှင့်enthusiast programmer များရဲ့ အမေးအဖြေများကို လေ့လာနိုင်မည်ဖြစ်သည်။ programmerများအဖို့ လုပ်ငန်းခွင်မှာများစွာအထောက်အကူပြုမည်ဖြစ်ပြီး software development နယ်ပယ်ပေါင်းစုံမှ အကြောင်းအရာပေါင်းစုံကိုလေ့လာ နိုင်မည်ဖြစ်သည်။ Stackoverflowသည် stack exchange incရဲ့ site အခွဲတစ်ခုဖြစ်ပြီးsoftwareပိုင်းအတွက်ခွဲထားခြင်းဖြစ်သည်။ အခြားသော stack exchange၏ siteများမှာလည်းstackoverflowကဲ့သို့ပင်Question and answerများကိုဖော်ပြပေးထားသည့် siteများစွာရှိပြီး stack overflow ၏ footer ပိုင်းတွင် အဆိုပါlinkများကိုပေးထားသည်။Technology ပိုင်း၊ Life and Artsပိုင်း၊Culture/Recreationပိုင်း၊Scienceပိုင်းများနှင့်ပတ်သက်သော stack exchange ရဲ့ siteများကိုလည်းလေ့လာနိုင်မည်ဖြစ်သည်။

<RoseIndia>
<http://www.roseindia.net>
RoseIndia သည် Javadeveloperများရဲ့လက်စွဲဖြစ်သည်။ Core Javaမှစပြီး Enterprise Levelအထိ သင်ခန်းစာများပုံစံအခန်းလိုက်လေ့လာနိုင်မည်ဖြစ် သည်။Web Javaပိုင်းနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းအသုံးများသည့် Sturts, Spring,JSF,JavaFXစသည့်Frameworkများရဲ့Tutorialsများအပြင် Hibernate,iBatis တို့ကဲ့သို့သော Database Mappingပိုင်းနှင့်ပတ်သက်သည့် Framework များကိုလည်းလေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင်MySQL သင်ခန်းစာများ၊ PHP သင်ခန်းစာများကို လည်းလေ့လာနိုင်မည်ဖြစ်သည်။ PHP တွင်PHPနဲ့MySQLတွဲဖက်သုံးစွဲသည့် သင်ခန်းစာများနှင့်အသုံးများ ZendFramework နဲ့ပတ်သက်သည့် သင်ခန်းစာများကိုလေ့လာနိုင်မည်ဖြစ်သလို Serverများနှင့် ပတ်သက်ပြီး Application Serverများဖြစ်သည်။ Tomcat, ApacheGeronimo,Jboss တို့ကဲ့သို့သော နာမည်ကြီး server များကိုလေ့လာ နိုင်မည် ဖြစ်သည်။Build and Test Toolsများအကြောင်းကိုလည်းရှင်းလင်း ထားသည်။

<Java4s>
<http://www.java4s.com>
Java4sက ယခင်ရှိနှင့်ပြီးသောjava2s siteနဲ့နာမည်ဆင်တူပေးထားပြီး siteရဲ့ သဘောသဘာဝချင်း လည်းတူညီသည်။မတူညီတာက java2s သည် programming language ပေါင်းစုံ အတွက်လေ့လာနိုင်သော site ဖြစ်ပြီး java4s ကတော့ java အတွက်သီးသန့်လုပ်ထားသော site ဖြစ်သည်။ဒီsiteရဲ့ အားသာချက် ကtechnologyပိုင်းမှာအမြဲupdate ဖြစ်နေသည့် topicများ၊ သင်ခန်းစာများကိုဖော်ပြထားပြီး open source developmentအတွက် အသုံးတည့်မည့် technologyများကိုစုံလင်စွာတင်ထားပြီးအသစ်များကို ပုံမှန်တင်ပေးနေသည်။အထူးသဖြင့် struts,hibernate,spring,ajax,json, log4j,core java,servletsစသည့် java developerများရဲ့ professional လမ်းကြောင်းကိုတောက်ပစေမည့် အပိုင်းများစွာကိုလေ့လာနိုင်မှာပဲဖြစ်ပါ တယ်။

<Oracle Technology Network>
<http://www.oracle.com/technetwork>
Oracle ကုမ္ပဏီရဲ့ Technologyများကိုလေ့လာနိုင်မည့်တကယ့် siteကြီး ပဲဖြစ်ပါတယ်။Java ဟာလည်းOracle ကSunမှဝယ်ယူခဲ့ပြီးဖြစ်တဲ့အတွက် ဒီနေရာမှာJava နဲ့ပတ်သက် ပြီး ပြည့်ပြည့်စုံစုံလေ့လာနိုင်မှာဖြစ်သလို လိုအပ်သောsoftwareများ၊ documentation များ ၊IDEများကို download လုပ်နိုင်မှာပဲဖြစ်ပါတယ်။Java SE,EE,ME,Embeddedစသည့် နယ်ပယ် ပေါင်းစုံ ကိုလေ့လာနိုင်မည်ဖြစ်သလို Oracle Database,MySQLDatabase များနဲ့ပတ်သက်ပြီး Database Administratorများ၊Developerများ အတွက် လည်း ပင်မလေ့လာရမည့်နေရာတစ်ခုဖြစ်သည်။Technical Articleများ၊ Sample Codeများ၊Tutorialများ၊Documentionများ၊Discussion များစွာကိုလေ့လာနိုင်မည်ဖြစ်ပြီး Professional တစ်ယောက်အဖြစ် အသက် မွေးနိုင်မယ့် technologyများကိုတစ်စုတစ်စည်းတည်း လေ့လာ နိုင်မယ့် နေရာဖြစ်ပါတယ်။

<Adobe Developer Connection>
<http://www.adobe.com/devnet>
ဒီခေတ်မှာAdobeနဲ့ကင်းလို့မရနိုင်တဲ့အခြေအနေပါ။Adobe ရဲ့ Creative Suite တွေဟာလုပ်ငန်းတိုင်း အတွက် မရှိ မဖြစ်အရေးပါတဲ့ software productများဖြစ်ပြီးgraphicsပိုင်း၊ပုံနှိပ်ထုတ်ဝေရေးပိုင်း၊web development အပိုင်း၊animationပိုင်း၊gameအပိုင်း၊video editingပိုင်း၊ software developmentပိုင်းစတဲ့လုပ်ငန်းပေါင်းများစွာအတွက် essential ဖြစ်တဲ့ technology များကိုအသုံးပြုနေရတာပဲဖြစ်ပါတယ်။ဒီ Adobe Developer Connectionမှာတော့ Desktopနဲ့ Webdevelopပိုင်းများအတွက် Flex နဲ့ Flash သင်ခန်းစာများ၊VideoTutorialများကိုလေ့လာနိုင်မည်ဖြစ်ပြီး Action Script,Adobe Airတို့နှင့်ပတ်သက်ပြီးအသေးစိတ်လေ့လာနိုင်ပါတယ်။ Gamingပိုင်း၊ Digital Publishingပိုင်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ပြီးလိုအပ်သောResourceများကိုလည်းdownloadလုပ်နိုင် ပါမယ်။

ငြိမ်းချမ်း(BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com