
ယနေ့ခေတ်ကာလသည်
နည်းပညာတိုးတက်လာတာနဲ့အမျှ
တန်ဖိုးနည်း
Mobile SIM တွေ ထွက်ပေါ်လာတော့ လူတိုင်းနည်းပါး
Facebook
ဆိုတဲ့ Social Media ကို အသုံးပြုလာတာတွေ့မြင်ကြရ
မှာပါ။ ထိုကဲ့သို့
လူတိုင်းနည်းပါးသုံးစွဲလာတာနဲ့ အမျှ ပြဿနာပေါင်း
သောင်းခြောက်ထောင်ကိုလည်း
Facebook မှတဆင့်တွေ့မြင်ကြရ
ပါတယ်။
Cyber Bullying , Cyber Crime, Personal Attack တွေ
ဆိုတာလည်း
နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေတာ အားလုံးသိပြီးသားဖြစ်
ကြမှာပါ။
ဘာကြောင့် ဒီလိုတွေဖြစ်ပေါ်လာသလည်းလို့ မေးမယ်ဆို
ရင် အများစုက
User တွေရဲ့ ပေါ့လျော့မှုက အဓိက ကျသလို
Recovery
လိုက်တဲ့ ဆရာသမားတွေလည်းတော်လို့ဖြစ်ပါတယ်။
Facebook
Account တစ်ခု Hack ခံရတယ်ဆိုတာ အခြေခံအားဖြင့်
နည်းလမ်း
၃ချက်ရှိပါတယ်။
၁။ Phishing Method ( Login Page အတုဖြင့်ခိုးယူခြင်း)
၂။ G-mail မှတဆင့် Recovery ဆွဲ၍
Facebook Account ကိုခိုးယူခြင်း
၃။ Facebook ကနေ I Can’t Log In အနေအထားဖြင့်
ID တင်၍
ခိုးယူခြင်းတို့ ဖြစ်ကြပါတယ်။
အဲ့အထဲမှာက
အများစုက သင်သုံးနေတဲ့ Facebook ကို Forget Password
ကနေလုပ်ဆောင်ကြတာများပါတယ်။
ဒီလိုအနေအထားတစ်ခုမှာ
သင့်မေးလ်ထဲကိုအောက်ပါပုံအတိုင်း
ရောက်လာတာကိုမြင်ဖူးကြမှာပါ
သင့်အကောင့်ကို
လှမ်းပြီး Password Reset ချဖို့ လှမ်းကြိုးစားတာဖြစ်ပါတယ်
ဒီအခြေအနေတစ်ခုက
ဘယ်ကနေဖြစ်ပေါ်လာတာလည်းဆိုရင်တော့…
သင့်အကောင့်ရဲ့
User ID
အထက်ပါပုံအတိုင်း
www.facebook.com/ ရဲ့ အနောက်က “ CZarni.86 ”
ဆိုတာကို
ကော်ပီကူးယူပြီးတော့ Browser တစ်ခုကနေ Forget Password
ကနေတဆင့်သွားတာပါ။အောက်ပါပုံအတိုင်းပေါ့…
ထိုမျှားပြထားတဲ့
နေရာကနေတဆင့်အောက်ပါအတိုင်းမှာ
အကောင့်ရဲ့
User ID နဲ့ ရိုက်ပြီးရှာလိုက်တာဖြစ်ပါတယ်။ သာမာန်အားဖြင့်
တော့ ကျတော်တို့က
Search နှိပ်လိုက်မယ်ဆိုရင်
အောက်ပါပုံအတိုင်း
Reset Link ချစေမယ့် မေးလ်ကိုပို့ပေးမှာဖြစ်ပါတယ်။
ဒီလိုအနေအထားမှာ
အကောင့် ဟက်ဖို့ ကြိုးစားမယ့်သူက Continue ကို
နှိပ်လိုက်တဲ့အခါမှာ
သင့်မေးလ်ထဲကိုအောက်ပါပုံအတိုင်း
ရောက်လာမှာဖြစ်ပါတယ်။
ဒီအခါမှာကျတော်တို့က မလန့်ပါနဲ့
ထိုကဲ့သို့
သင့်မေးလ်ထဲကို ရောက်လာတယ်ဆိုရင် ယေဘုယျအားဖြင့်
Clikc
here to change your password ဆိုတာကို နှိပ်ပြီး လက်ရှိသုံး
နေတဲ့
Account ရဲ့ Password ကိုပြောင်းလို့ရပါတယ်။ကျတော်တို့က
အဲ့လိုမလုပ်ပဲနဲက
Didn’t’ request this Change? ဆိုတဲ့နေရာကစာလုံးအပြာ
တန်းလေးဖြစ်တဲ့
Let us know immediately ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒါဆိုရင်တော့အောက်ပါပုံအတိုင်း
ပေါ်လာပြီးဆိုရင်
ကျတော်တို့က OK ဆိုတာနှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့
အောက်ပါပုံအတိုင်း
Receiving
too many password reset email? ဆိုတဲ့ နေရာမှာ
Turn Off
Reset for my Username ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ထို့နောက်တော့
အထက်ပါပုံအတိုင်း
သင့်အကောင့်ကို တစ်စုံတစ်ယောက်က
User ID ကို
အသုံးပြု၍ Password Reset request လုပ်ခြင်းမှ
ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
ဒီနေရာမှာ ကျတော်ပြောချင်တာက
ယခင် အကောင့်တွေကို
Forget Password လုပ်တဲ့နေရာမှာအောက်ဖော်ပြပါ
အချက်တွေက
လိုအပ်ပါတယ်။
၁။ Account User ID
၂။ Facebook User E-mail
၃။ Facebook User Phone Number
တို့ဖြစ်ကြပါတယ်။
ကျတော်တို့က အထက်ပါလုပ်ဆောင်ချက်တွေလုပ်ဆောင်
ပြီးသွားရင်တော့
နံပါတ် ၁အချက်ဖြစ်တဲ့ Account User ID နဲ့ Reset Request
လုပ်ခြင်းကို
ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကဲ ကျတော်တို့က မယုံလို့ စမ်းကြည့်
ရအောင်လားဗျာ…
အရင်ဆုံး Browser ကို ဖွင့်လိုက်ပါမ့ယ်ထို့နောက်တော့
အထက်ပါပုံအတိုင်း
အကောင့်ရဲ့ User ID နဲ့ Wrong Password ကို
ရိုက်ပြီးဝင်လိုက်ပါမယ်။
ထို့နောက်တော့ Pass မှားနေတဲ့အတွက်ကြောင့်
Forgot
Password? ဆိုတာကိုနှိပ်ပြီး
Find
your Account ဆိုတဲ့နေရာမှာ User ID ကိုထည့်ပြီး
Search လုပ်လိုက်ပါမယ်။
ဒါဆိုရင်တော့
အထက်ပါပုံအတိုင်း
သင်လက်ရှိ အသုံးပြုနေတဲ့ User ID ကိုမရှိလို့
တစ်ခြားနည်းလမ်းဖြင့်ရှာပါ
ဆိုပြီးတော့ပဲ ပြောနေမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့
ကျတော်တို့ ဘာတွေလုံခြုံအောင်ထားမလည်းဆိုတော့
၁။ Account’s Mail
၂။ Account’s Phone
စသည်တို့ကို
လုံခြုံအောင်ထားနိုင်ရင်တော့ အဆင်ပြေပြီး ယခုလိုမျိုး
User ID နဲ့
ဟက်ခြင်းမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ အားလုံးဆင်ပြေ
မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano
Zarni@ဦးဇာနည်