1/06/2016

♪ တယ်လီနောမှ Viber အခမဲ့အသုံးပြုခွင့် စတင် ပရိုမိုးရှင်း အစီအစဉ်ကို ဇန်နဝါရီလ ၄ ရက်မှစတင်၍ ၂ ပတ်ကြာ အသုံးပြုနိုင် ♫


တယ်လီနောသည် Viber နှင့်ပူးပေါင်း၍ ၂ ပတ်ကြာ Viber မက်ဆေ့ပေးပို့ခြင်းနှင့် စတစ်ကာများ အသုံးပြုခြင်းများကို အင်တာနက် အသုံးပြုခ အခမဲ့ဖြင့် အသုံးပြုခွင့်ပေးသည့် အစီအစဉ်ကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
 
ဇန်နဝါရီလ ၄ ရက်မှစ၍ အသုံးပြုသူများအနေဖြင့် Viber ဖြင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုနှင့် ပုံမှန်ဖုန်းခေါ်ဆိုမှုများမှလွဲ၍ အခြားဝန်ဆောင်မှုများကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
 
မည်သူမဆို အခကြေးငွေ ကုန်ကျခြင်းမရှိဘဲ အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ပြည်သူများအကြား ဂုဏ်ယူဖွယ်ရာ ပြောဆိုသုံးစွဲနိုင်သည့် “Proud to be Myanmar”၊ “We win”၊ “It’s cool”၊ “Love you” နှင့် “Share the love” တို့ကဲ့သို့သော စတစ်ကာများ ပါဝင်လာသည့် “We Love Myanmar” Sticker Pack လည်း အသုံးပြုနိုင်သည်။
 
“ကျွန်တော်တို့တိုင်းပြည်က ပြည်သူတွေဆီကို မြန်မာအတွက် ဂုဏ်ယူဖွယ်နဲ့ ကျေနပ်ဖွယ် စတစ်ကာတွေ ဖန်တီးပေးနေတဲ့ မြန်မာပြည်မှာ လူကြိုက်အများဆုံး messaging app နဲ့ လက်တွဲလုပ်ကိုင်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ စတစ်ကာတွေကို မိတ်ဆက်ခြင်းနဲ့အတူ တယ်လီနောအနေနဲ့ ၂ ပတ်ကြာ အင်တာနက်အသုံးပြုခ အခမဲ့နဲ့ Viber ကို အသုံးပြုခွင့် ပေးသွားမှာဖြစ်ပါတယ်။
 
 ရှေ့လာမယ့် အနာဂတ်ကာလတွေမှာလည်း ဒီလိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်” ဟု Head of Value Added Services ဖြစ်သူ Sanat Pal Chowdhury က ပြောကြားသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com