1/06/2016

♪ Lenovo က Laptop/Tablet နှစ်မျိုးသုံး ThinkPads Device သုံးမျိုးကို ပြသ ♫


Lenovo က Consumer Electronics Show (CES) တွင် ThinkPad Tablet မျိုးဆက်သစ်များကို ပြသ လိုက်ပါသည်။

ThinkPad X1 Tablet
-------------------------
Microsoft ၏ Tablet/Laptop နှစ်မျိုးသုံး Surface Pro 3/4 Device များအောင်မြင်လာသည့်အတွက် အခြားကုမ္ပဏီများကလည်း နှစ်မျိုးသုံး ကိရိယာများကို ထုတ်လုပ်ရောင်းချနေကြပါသည်။ Lenovo ThinkPad X1 တွင် ၁၂ လက်မ 2160x1440p Display , ဆဌမမျိုးဆက် Intel Core m7vPro Processor တို့ ထည့်သွင်းထားပါသည်။ RAM ကို 16GB ၊ Solid State Drive ကို 1TB အထိ အဆင့်မြှင့်နိုင်ပါသည်။
X1 Tablet ၏ ထူးခြားချက်မှာ Modular Add-Ons များကို ထည့်သွင်းနိုင်ခြင်းဖြစ်ပါသည်။ Modules ခေါ် အပိုအစိတ်အပိုင်း သုံးခု ဖန်တီးပေးထားပါသည်။ တစ်ခုမှာ ဘက်ထရီ သက်တမ်းကို ငါးနာရီ တိုးမြှင့်ပေးနိုင်သော ဘက်ထရီ Module ဖြစ်ပြီး ဒေါ်လာ ၁၄၉ တန်ကြေး ရှိပါသည်။ နောက်တစ်ခုမှာ ခြောက်ပေခွဲ အကွာမှ နေ၍ ၆၀ လက်မ မျက်နှာပြင်ကို ပြသပေးနိုင်သော Projector Module ကို ဒေါ်လာ ၂၇၉ ဖြင့် ၀ယ်ယူနိုင်ပါသည်။ ဂရပ်ဖစ်ဒီဇိုင်နာများနှင့် 3D Printing ဖန်တီးချင်သူများအတွက် Intel RealSense 3D Camera ကို ဒေါ်လာ ၁၄၉ ဖြင့် ၀ယ်ယူနိုင်ပါသည်။ ThinkPad X1 Tablet ကို ဖေဖော်ဝါရီတွင် ဒေါ်လာ ၈၉၉ ဖြင့် ရောင်းချမည်ဖြစ်သည်။

 

ThinkPad X1 Yoga
-----------------------
၁၄ လက်မအရွယ်ဖြစ်ပြီး OLED Display တပ်ဆင်ထားသော ပထမဆုံး Laptop/Tablet နှစ်မျိုးသုံး ကိရိယာဖြစ်သည်။ 1920x1080 or 2560x1440 Resolution နှစ်မျိုး ရွေးချယ်နိုင်ပါသည်။ ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပြီး တက်ဘလက်အဖြစ် အသုံးပြုနိုင်ပါသည်။ ဆဌမမျိုးဆက် Intel Core i7 vPro Processor ထည့်သွင်းထားပြီး 16GB RAM , 1TGB Solid State Storage အထိ အဆင့်မြှင့်နိုင်ပါသည်။ အခြေခံ မော်ဒယ်ကို ဒေါ်လာ ၁၄၄၉ ဖြင့် ယခုလအတွင်း ရောင်းချမည်ဖြစ်သည်။

ThinkPad X1 Carbon
--------------------------
ယခင်မျိုးဆက်ထက် ပိုမိုပါးလွှာ ပေါ့ပါးပြီး X1 Carbon သည် ၂.၂၆ ပေါင် အလေးချိန်နှင့် ၀.၆၅ လက်မ အထူရှိပါသည်။ ၁၄ လက်မ 1920x1080 or 2560x1440 Resolution ကို ရွေးချယ်နိုင်ပါသည်။ ဆဌမမျိုးဆက် Intel Core i7 vPro Processor ထည့်သွင်းထားပြီး 16GB RAM , 1TB Solid State Storage အထိ အဆင့်မြှင့်နိုင်ပါသည်။ အခြေခံ မော်ဒယ်ကို ဒေါ်လာ ၁၂၉၉ ဖြင့် ဖေဖော်ဝါရီလ တွင် ရောင်းချမည်ဖြစ်သည်။

Lenovo ၏ Device အသစ်အားလုံးတွင် Windows 10 Pro Version ကိုထည့်သွင်းပေးထားပြီး ဘက်ထရီသက်တမ်းမှာ ၁၁ နာရီဖြစ်သည်ဟု Lenovo က ပြောပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com