8/04/2015

♪ ZTE က Axon Lux, Axon နှင့် Axon Mini တို့ကို မိတ်ဆက် ♫

1

ZTE က တရုတ်တွင် Axon Lux , Axon နှင့် Axon Mini တို့ကို မိတ်ဆက်လိုက်ပါသည်။

Axon Lux
ZTE Axon Lux တွင် ၅.၅ လက်မ Quad HD Display နှင့် Snapdragon 810 Chipset တပ်ဆင်ထားပါသည်။ Axon Lux တွင် မျက်နှာပြင်ကို Antimicrobial Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ 4GB RAM, 128GB Storage , 3000mAh Battery , 8MP Front Camera တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP နှင့် 2MP Camera နှစ်လုံးကို ပူးတွဲတပ်ဆင်ထားပါသည်။

Axon Lux တွင် Lollipop နှင့် MiFavor 3.2 UI တို့ကို ပေါင်းစပ်ထားပါသည်။ Fingerprint Scanner, Voice Recognition နှင့် Eye Scanner တို့ ပါရှိပါသည်။ NFC ကို အသုံးပြု၍ လုံခြုံစွာ ငွေပေးချေနိုင်မည် ဖြစ်သည်။ တရုတ်တွင် ဒေါ်လာ ၆၂၅ ဖြင့် ရောင်းချမည် ဖြစ်သည်။

1

Axon
အမေရိကန်နှင့် ကနေဒါတွင် မိတ်ဆက်ခဲ့ပြီးသော Axon ကို တရုတ်တွင်လည်း ရောင်းချမည် ဖြစ်သည်။ ၅.၅ လက်မ 1080p Display ကို Antimicrobial Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ Snapdragon 810 Chip, 3GB RAM, 32GB Storage, 3000mAh Battery တို့ပါရှိပါသည်။ 13+2MP Camera နှစ်လုံးကို အနောက်ဘက်တွင် တပ်ဆင်ထားပြီး 8MP Camera ကို အရှေ့ဘက်တွင် တပ်ဆင်ထားပါသည်။ Lux ကဲ့သို့ Biometric လုံခြုံရေး သုံးမျိုး ပါရှိပါသည်။ အမေရိကန်တွင် ဒေါ်လာ ၄၃၅ ဖြင့် ရောင်းချပေးနေပြီး ကနေဒါနှင့် တရုတ်တွင် မကြာမီ ရောင်းချမည် ဖြစ်သည်။

2

Axon Mini
ZTE Axon Mini သည် ဖုန်းသုံးလုံးထဲတွင် ထူးခြားပြီး Force Touchscreen ဟု ခေါ်သည့် မျက်နှာပြင်အပေါ်တွင် သက်ရောက်သော အားပမာဏကို သိရှိပြီး အလုပ်လုပ်နိုင်သော ပထမဆုံး စမတ်ဖုန်း ဖြစ်သည်ဟု ကြေညာပါသည်။ ဈေးနှုန်းနှင့် ရောင်းချမည့် နေ့ရက်တို့ကို ကြေညာခြင်း မရှိသလို အခြား Specification များကိုလည်း မသိရသေးပါ။

3

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com