USD - 653.99
အားသာချက်
အလူမီနီယံ ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ Google Pixel C Tablet ဟာ ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ထားပြီး ဘက်ထရီ ပိုင်းမှာလည်း ရေရှည်အသုံး ခံနိုင်စေရန်အတွက် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီ Tablet ဟာ Android နောက်ဆုံး ဗားရှင်းကို အသုံးပြုထားပြီး စွမ်းဆောင်ရည် ပိုင်းကလည်း လျင်မြန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရောင် အရည်အသွေးကလည်း စိုပြည်ပြီး ရုပ်ထွက် ပြတ်သားတာကြောင့် ဂိမ်းကစားတာကို စိတ်ဝင်စား သူများအတွက်တော့ သင့်လျော်တဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
အားနည်းချက်
ဒီ Tablet ဟာ Bluetooth keyboard ကို သီးသန့်ဝယ်ယူရမှာဖြစ်ပြီး၊ Keyboard တပ်ဆင်ထား တဲ့အခါမှာ အရွယ်အစားက အနည်းငယ်ကြီးမား သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီ Tablet ဟာ Apple က ထုတ်လုပ်တဲ့ iPad ကိုလုပ်ဆောင်ရည် စွမ်းအားများမှာ ယှဉ်ပြိုင်နိုင်ပေမယ့် နာမည်ကြီးတဲ့ App တွေနဲ့ ဂိမ်းတွေကတော့ iOS က အရင်ထွက်ရှိတာ ဖြစ်တဲ့အတွက် Android app ကတော့ နောက်ကျမှ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်ဖော်ပြချက်
ဒီ Tablet မှာ အသုံးပြုထားတဲ့ Chipset ကတော့ NvidiaTegra X1 chipset ကို အသုံးပြုထားပါတယ်။ Quad-Core 1.9 GHz မြန်နှုန်းရှိတဲ့ CPU ကို အသုံးပြုထားပြီး Game ကစားရတာကို နှစ်သက်သူများအတွက်တော့ Nvidia Maxwell GPU ကိုထည့်သွင်း ပေးထားပါတယ်။ Android Version 6.0.1 ကိုအသုံးပြုထားပြီး RAM ပမာဏမှာ 3GB ပါဝင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းနိုင်ဖို့ အတွက်ကတော့ 32 GB / 64 GB ဆိုပြီး နှစ်မျိုးကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display Screen အရွယ်အစားကတော့ ၁၀.၂ လက်မ ရှိမှာဖြစ်ပြီး၊ LTPS IPS LCD capacitive touchscreen ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာကတော့ Rear Camera ကို 8 Megapixels ပမာဏရှိတဲ့ ကင်မရာကို အသုံးပြုထားပြီး၊ Front Camera ကတော့ 2 Megapixels ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ ဗီဒီယိုတွေကို ကြည့်ရှုမယ်ဆိုရင် ၁၂ နာရီ ၄၂ မိနစ်ခန့် ဆက်တိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒီဇိုင်း
ပါးလွှာတဲ့ ဒီဇိုင်းနဲ့ စီစဉ်ဖန်တီး ပြုလုပ်ပေးထားတဲ့ Google Pixel C Tablet ဟာ သုံးစွဲသူများအတွက် စွဲမက်ဖွယ် ဒီဇိုင်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ Tablet ရဲ့ ညာဘက်အခြမ်းမှာ စပီကာကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာကို Tablet ရဲ့ ညာဘက်အခြမ်း အပေါ်ဘက်ထောင့်မှာ တပ်ဆင်ပေးထားပြီး အရှေ့ကင်မရာကိုတော့ Tablet ရဲ့ အလယ်တည့်တည့်မှာ တပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
သုံးသပ်ချက်
Google Pixel C Tablet ဟာ Android OS အသုံးပြုထားတဲ့ Tablet တွေထဲမှာတော့ အကောင်းဆုံး Tablet အမျိုးအစားတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ငွေကြေးလည်း အများအပြား သုံးစွဲရမယ့် Tablet ဖြစ်ပါ တယ်။
Ref : CNET