SP silicon မှ Mac အတွက် USB 3.0 ပါဝင်သည့် Hard Disk Armor A65M
ထုတ်ကုန်သစ်ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ Armor A65M ရဲ့ထူးခြားချက်များက
Mac အတွက် data ကူးပြောင်းနိုင်နှုန်း Max.5 Gbps (USB 3.0 Mode) နှင့်
Max.480 Mbps (USB 2.0 Mode) ဖြင့် ရွှေ့ပြောင်းနိုင်ပါတယ်။ IP 67
အဆင့်ရရှိပြီး U.S စစ်ဘက်ဆိုင်ရာ ရေစိုဒဏ်ခံနိုင်မှုနှင့်
အကြမ်းခံမှုပိုင်းကို အတည်ပြုပေးထားလို့ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
Armor A65M ထူးခြားချက်က ရေနက်ရှိုင်းမူပမာဏအနက် 1 meter နှင့်အထက် မိနစ် ၃၀ ကြာရေစိမ်ခံနိုင်ပါတယ်။ ထို့အပြင် အမြင့် 122 cm အထိ ပြုတ်ကျဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အပြင်ပိုင်း cover ဒီဇိုင်းကိုတော့ ရော်ဘာအသားဖြင့်ပြုလုပ်ပေးထားပြီး သင်္ဘောဦးထည်အောက်ပိုင်း လိုင်း အဆင်းပုံစံပြုလုပ်ထားသောကြောင့် နှစ်လိုဖွယ်ကောင်းသော Hard Disk လေးဖြစ်ပါတယ်။ ခရီးသွားသူ၊ outdoor လုပ်ဆောင်နေသူ၊ နေ့စဉ်အသုံးပြုနေသူများအတွက် ကြိုးသပ်သပ်ကိုင်စရာမလိုတော့ဘဲ HDD နဲ့ တွဲပြီး သယ်လို့အဆင်ပြေပါတယ်။
Armor A65M မှာပါဝင်သော Software များက free HDD Lock Utility software and SP Widget download software, providing 7 major back up and security tools တို့ပါဝင်ပါတယ်။ Armor A65M Hard Disk ကိုအထောက်အကူပေးနိုင်သော OS Operation Systems အား ဖြင့် Mac OS 10.5 နှင့်နောက်ထွက်လာမည့် Mac OS များနှင့်လည်း အသုံးပြုလို့ရပါတယ်။ွှWarranty အားဖြင့် 3 years ပေးထားလို့ စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါတယ်။ Design ဆန်းသစ်မှု၊ လှပသေသပ်မှု၊ အကြမ်းခံပြီး လူကြိုက်များတဲ့ Armor A65M ကို ကွန်ပျူတာဆိုင်များ အများစုတွင် ၀ယ်ယူရရှိနိုင်ပါသည်။
Golden Power Technology
Ph : 01-2304848~52
Price - USD 101 (1TB)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal