1/17/2016

♪ သတ္တုဘောင်ကို အသုံးပြုကာ ထွက်ရှိလာမဲ့ Sony Xperia C6 ♫

sony xperia C6

ကမ္ဘာ့ မိုဘိုင်းပေါင်းစုံပြပွဲတစ်ခုဖြစ်တဲ့ MWC ကို  ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ ကျင်းပတော့မှာဖြစ်ပြီး အဆိုပါပွဲမှာ မြောက်များစွာသော Android Os သုံး မိုဘိုင်းဖုန်းများ ထုတ်လုပ်မိတ်ဆက်ပြသမှာလည်း ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းအမျိုးအစားစုံလင်စွာ မိတ်ဆက်ပြသမဲ့ အထဲမှာ Sony Xperia မျိုးဆက် စမတ်ဖုန်းများလည်း ပါဝင်မှာဖြစ်ပါတယ်။ Sony Xperia အနေနဲ့ ၂၀၁၆ ခုနှစ်ရဲ့  ပထမဦးဆုံး စမတ်ဖုန်းတစ်မျိုးအဖြစ်တဲ့ Sony Xperia C6 ကို မိတ်ဆက်ပြသမှာဖြစ်ကြောင်း ကောလဟလ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။  ဒါပေမဲ့ Sony ရဲ့ တာဝန်ရှိသူတွေကတော့ အတည်ပြုပြောကြား ထားခြင်းမရှိသေးပါဘူး။

Sony Xperia C6 1

Sony Xperia C6 ရဲ့  ဒီဇိုင်းဟာ Xperia Z3 နဲ့  Xperia Z4v တို့ရဲ့  ဒီဇိုင်းနဲ့ ဆင်တူပြီး မျက်နှာပြင်အစွန်းဖက်တွေကိုအနည်းငယ် ကွေးထားတာဖြစ်ပါတယ်။ Sony ဟာ Xperia C6 မှာ Fingerprint Scanner ကိုလည်းထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

အခြား အချက်တွေအနေနဲ့ မျက်နှာပြင်အကျယ် 5.5 လက်မ နှင့် Octa-core MediaTek Helio P10 Chipset ကို အသုံးပြုထားပြီး speed ကတော့ 2.0GHz ရှိပါတယ်။ ထူးခြားချက်ကတော့ စပီကာကို အတွင်းဘက် မျက်နှာပြင်ဘက်မှာ တပ်ဆင်ထားခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ Sony ကတော့ အတည်ပြုပြောကြားထားခြင်း မရှိသေးတဲ့အတွက်ကြောင့် Sony Xperia C6 ရဲ့ ပုံဟာ ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ နောက်လထဲမှာ ကျင်းပတဲ့ MWC 2016 မှာ ကြေငြာမဲ့ အချိန်ကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : Android Authority
Aung Ko Htet (MMA)
#aungkohtet_mma


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com