Xperia C3 ဟာ Microsim ထည့်သွင်းအသုံးပြုမယ်ဆိုလျှင် 4G network အထိ
အထောက်အပံ့ရရှိပါမယ်။ ဖုန်းရဲ့အရွယ်အစားကတော့ 156.2x78.7x 7.6mmဖြစ်ကာ၊
အလေးချိန်ကတော့ 149.7g ရှိပါတယ်။ IPS LCD capacitive touchscreen ဟာ ၅
လက်မခွဲမျက်နှာပြင်အကျယ်အ၀န်းရှိပြီး၊ မြင်ကွင်းစွမ်းရည် အတွက်
ထောက်ပံ့ပေးထားသော pixels ပမာဏ ကတော့ 720x1280 ဖြစ်ပါတယ်။
တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆ ဟာ 267ppi ပါ။ Multitouch စနစ်၌လည်း လက်ချောင်းဆယ်ချောင်း အထက် အသုံးပြုလို့ရပါမယ်။ ဒါ့အပြင် Sony အမြင့်စားဖုန်းများတွင် ပါရှိ သော Mobile BRAVIA engine 2 နှင့် Triluminos display တို့ လည်းတပ်ဆင် ပေးထားပါတယ်။ အဓိကကင်မရာဟာ 8MP စွမ်းရည်ရှိပြီး၊ 1080p စွမ်းရည် ဖြင့်ဗီဒီယိုရိုက်ကူးနိုင်ပါ မယ်။ ရှေ့ကင်မရာငယ် ကတော့ 5MP စွမ်းရည်ဖြစ်ပါ တယ်။ ဒုတိယကင်မရာငယ်ဖြင့် ဗီဒီယိုရိုက်ကူးလိုပါက LED flash သုံးကာ၊ 720p စွမ်းရည်ဖြင့်ရိုက်ကူးနိုင်ပါမယ်။ ကင်မရာဆက်စပ် ပတ်သက်စနစ်များ ဖြစ်သော Face/smile detection နှင့် Panorama များ လည်းအသုံးပြုနိုင်ပါ မယ်။
မှတ်ဥာဏ်ပမာဏအနေဖြင့် RAM က 1GB နဲ့ Internal storage ကတော့ 8GB ပါရှိပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းချင်တယ်ဆိုရင် SD Card စိုက်ပြီးမှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။ ပြင်ပ ဆူညံသံ များကိုဖယ်ရှားစစ်ထုတ်ပေးနိုင်သော Active noise cancellation with dedicated mic စနစ်လည်းပါရှိပါတယ်။ KitKat version ကိုအသုံးပြုလို့ ရမှာဖြစ်ပြီး၊ အားသွင်းရမယ့် ဘက်ထရီကတော့ Li-Ion 2500mAh ပါ။ သီချင်းနားထောင်ဖို့အတွက် ၆၇ နာရီနီးပါးနဲ့ 3G network တွင်အသင့် အနေအထား၌ နာရီ ၁၀၀၀ နီးပါးနှင့် စကားပြောဆိုဖို့ ၂၅ နာရီ နီးပါး ခံနိုင်ရည် ရှိပါမယ်။ GPS, Wi-Fi နှင့် NFC စနစ်များကိုလည်း အသုံးပြုလို့ရပါ မယ်။
<Specification>
Network - GSM/HSPA/LTE
Screen - 5.5 inches
Memory - 8 GB, up to 32 GB
Bluetooth - v4.0
CPU - Quad Core 1.2GHz
OS - Android OS, v4.4.2
Contact - 09-421744111
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal