
ပညာရပ်လေ့လာသူတစ်ဦးအတွက်မှတ်စုထုတ်ရန်လိုသည်။သုတေသနပြုသူတစ်ဦးအတွက်လည်းမှတ်စုလို သည်။အလုပ်အကိုင်ကိုစနစ်တကျလုပ်သူတစ်ဦးအတွက်လည်းလုပ်ငန်းစဉ်ဇယားမှတ်စုလိုသည်။ ကွန်ပျူတာနှင့်မိုဘိုင်း
ပစ္စည်းပေါင်းစုံပေါ်တွင်မှတ်စုရေးရမည်ဆိုပါကမှတ်စုထုတ်သည့် Software
ကိုသုံးရမည်။ကံကောင်းသည်မှာမှတ်စုထုတ်သည့်Softwareအတော်များများ ကို
အခမဲ့ရနိုင်ခြင်းဖြစ်သည်။အချို့Software များကားdevice ပေါင်းစုံ
ပေါ်တွင်Sync လုပ်နိုင်သည့်အတွက်အစွမ်းပင်ရှိလိုက်သေးသည်။မှတ်စု ရေးဖို့
အကောင်းဆုံးSoftware များကိုအောက်ပါအတိုင်းတွေ့ရပါမည်။
<Evernote>
ဤSoftware ထွက်သည်မှာကြာပြီ။သို့သော်အကောင်းဆုံးနေရာတွင်ရှိနေ
ဆဲဖြစ်သည်။ဤSoftware ကိုသုံး၍မိမိဘာသာသီးခြားရေးထုတ်သည့် မှတ်စုများ
အားအကောင်းဆုံးဖန်တီးနိုင်သလိုအင်တာနက်ထဲမှ အချက်
အလက်များကိုစုဆောင်းပေါင်းစည်းပြီးသားမှတ်စုထုတ်ခြင်း၊ယင်းမှတ်စုတို့ကိုမှတ်စုစာအုပ်များအဖြစ်သို့ပြောင်း လဲစုစည်းခြင်း၊စုစည်းပြီးသားမှတ်စုတို့ကိုdevice
ပေါင်းစုံပေါ်တွင်မျှဝေအသုံးပြုခြင်းတို့ကိုဆောင်ရွက်နိုင်သည်။ ဤSoftware
တွင်အခပေးနှင့်အခမဲ့ဟူ၍နှစ်ပိုင်းကွဲနေသော်လည်း အခမဲ့
အပိုင်း၌ပင်လျှင်အလွန်တရာအစွမ်းထက်ပြီးအလုပ်လုပ်ပုံအဆင့်မြင့်သည့် Sharing
tool အချို့ပါဝင်နေပါသည်။အသစ်ထုတ်လုပ်ထားသော အင်တာနက်အခြေပြုEvernote
Interface အားဘ၀င်မကျသူရှိပင်ရှိနေလင့် ကစားဤSoftware
သည်အဖက်ဖက်တွင်တိုးတက်မှုရှိလာပါသည်။ အလုပ်
လုပ်ရာတွင်တည်ငြိမ်မှုလည်းရှိလာပါသည်။အခမဲ့Version သည် အရည်အသွေး
နိမ့်ပင်နိမ့်ငြားသော်လည်းအခြေခံလုပ်ငန်းများအား
ကောင်းမွန်စွာလုပ်နိုင်ပါသည်။အခမဲ့Version ၏အဓိကအားနည်းချက်မှာ data
ပမာဏ60Mb ထက်ပို၍သုံးခွင့်မပြုခြင်းဖြစ်ပါသည်။
သို့သော်ယင်းdata
ပမာဏဘောင်အတွင်းမှနေ၍မိမိစိတ်ကြိုက်မှတ်စုများ
ရေးနိုင်သည်။အင်တာနက်စာမျက်နှာများမှနေ၍မှတ်စု များထုတ်နိုင်သည်။မိမိ၏device
များပေါ်တွင်ယင်းမှတ်စုများကိုSync လုပ်နိုင်သည်။Evernote web app
ကိုသုံးနိုင်သောမည်သည့်device မှာမဆိုမှတ်စုထုတ်နိုင်သည်။
လောလောဆယ်တွင်Windows၊Android နှင့်iOSတို့ပေါ်တွင်ဤSoftware
ကိုသုံးနိုင်သည်။အခမဲ့Version ဖြင့်အခြေခံအဆင့်မှတ်စုများဖလှယ်ခြင်း၊
မှတ်စုတစ်ခုကိုလူအများပူပေါင်းရေးနိုင်ခြင်းတို့ပြုလုပ်နိုင်ပါသည်။ထို့ကြောင့်Project
တစ်ခုကိုလူအများစုပေါင်းလုပ်ဆောင်ခြင်း၊ခရီးစဉ်တစ်ခုကို
လူအများစုပေါင်းဆုံးဖြတ်ခြင်းတို့အတွက်အသုံးတည့်ပါသည်။Evernote ၏ Web
Clipper extension သည်Web Page တစ်ခုလုံး ကိုဖြစ်စေ၊ Web Page
၏အစိတ်အပိုင်းကိုကွက်၍ဖြစ်စေ ရွေးချယ်ပြီးမှတ်စုထုတ်နိုင်သည်။
ယင်းမှတ်စုကိုnotebook ထဲသို့မပို့မီတွင်tag တွဲနိုင်သည်။Annotation tool
မှာ ပြည့်စုံကောင်းမွန်ခြင်းမရှိသော်လည်းOne Note ရှိအလားတူtool နှင့်
ယှဉ်လျှင်အရည်အသွေးပိုကောင်းပါသည်။သို့သော်Pen သုံးပြီးရေး မှတ်ရာတွင် One
Note ကပိုမိုအစွမ်းထက်သည်ကိုတွေ့ရပါသည်။
Evernoteတွင်အသစ်ပြင်ဆင်ရေးဆွဲထားသောtext editor သည်အသုံးပြုရာ
၌ပို၍စိတ်ချမ်းသာဖွယ်ဖြစ်လာပါသည်။ထို့ပြင်မှတ်စုထုတ်သည့်အလုပ်အပေါ်၌သာအာရုံထား၍ လုပ်ဆောင်ပေးသောEver
note မှာချီးကျူးစရာ ကောင်းပါသည်။ လောလောဆယ်တွင်အခမဲ့Version ကိုoffline
မသုံးနိုင်ပါ။ အခပေးVersion ၌သာoffline အသုံးပြုခွင့်ပေးပါသည်။အခမဲ့account
လုပ်၍အသုံးပြုသူများအတွက်ခွင့်ပြုသောတစ်လအတွက်data Upload ပမာဏ60Mb
မှာနည်းလွန်းသည့် အားနည်းချက်ရှိပါသည်။Windows နှင့်OSX ပေါ်တွင်install
လုပ်၍သုံးရသောEvernoteသည်browser-based
Evernoteထက်စွမ်းဆောင်ရည်နိမ့်သည်ကိုလည်းတွေ့ရပါသည်။အခမဲ့ Version
သုံးစွဲသူများအားအခပေးVersion သို့ပြောင်း၍သုံးရန် အကျပ် မကိုင်ခြင်း
ကားချစ်စရာကောင်းသည့်အချက်ဖြစ်ပါသည်။
<OneNote>
Microsoft ၏office software ပေါ်မှအစပြုခဲ့သောOne Note သည် ယနေ့အခါ တွင်
Platform ပေါင်းစုံdevice ပေါင်းစုံ၌အသုံးပြုနိုင်ပါပြီ။ အခမဲ့Version
စစ်စစ်ဖြစ်ပြီးတစ်ဝက်တစ်ပျက်အခမဲ့ဖြစ်သော Evernote
လိုထိန်းချုပ်ထားသောfeature များမပါပါ။Microsoft ၏အခြားသော ထုတ်ကုန်
များနှင့်ဝန်ဆောင်မှုများကိုပါအသုံးပြုသူဖြစ်လျှင် OneNoteကို
အသုံးပြုရခြင်းသည်ပို၍ထိရောက်ပါလိမ့်မည်။OneNoteသည်One Drive
နှင့်ပေါင်းစပ်၍အလုပ်လုပ်သည့်အပြင်MS office နှင့်အလွန်ဆင်တူသော interface
ရှိသောကြောင့် ဖြစ်ပါသည်။အင်တာနက် စာမျက်နှာများ မှနေ၍
မှတ်စုထုတ်ရာတွင်Evernoteလောက်စွမ်းဆောင်ရည်မပြည့်သော်လည်း
အသုံးပြုရလွယ်ပြီးအလုပ်လုပ်ရာ၌လျင်မြန်ပါသည်။အင်တာနက်စာမျက်နှာ
များထဲမှအစိတ်အပိုင်းတစ်ခုခု(ဥပမာ-ဓာတ်ပုံများ)ကိုစုဆောင်းရယူခြင်း
သည်လျင်မြန်ပြီးSoftware ၏တုံ့ပြန်မှုကလည်းအားကောင်းပါသည်။ Desktop Version
တွင်annotation tool အမြောက်အမြားပါပြီး ယင်းက မိမိ၏မှတ်စုထဲတွင်
ပြင်ပဖိုင်အမျိုးအစားအမြောက်အမြားကို ပေါင်းထည့်
ခွင့်ပြုပါသည်။ပမာအားဖြင့်ဆိုသော်Spreadsheet နှင့်audio ဖိုင်များ
ပေါင်းထည့်ခွင့်ပြုခြင်းမျိုးဖြစ်ပါသည်။
OneNote သည်Bing
နှင့်တွဲပြီးအလုပ်လုပ်ရာတွင်ထူးထူးခြားခြား ကောင်းမွန်ပြီး Sharing
လုပ်ငန်းစဉ်ကိုလုပ်ကိုင်ရာ၌အခြားသော မှတ်စု ထုတ်Software
များထက်သာလွန်ကောင်းမွန်ပါသည်။Word မှာကဲ့သို့ပင် မှတ်စု များရေးရန်blank
Canvas ပေးထားပြီးယင်းနေရာတွင်ပုံနှိပ်စာလုံး
မှတ်စုများသာမကလက်ရေးမှတ်စုများ၊ဓာတ်ပုံများ၊အသံဖိုင်များ၊လုပ်ဆောင်ရန်လုပ်ငန်းဇယားများ၊Weblink များနှင့်အခြားအရာများကိုပါထည့်သွင်းနိုင်ပါသည်။OneNote
နှင့်အသားကျလာသည်နဲ့အမျှသုံးရပို၍ အဆင်ပြေလာပြီး
ပို၍လည်းသဘောကျလာပါလိမ့်မည်။Browser အခြေပြုသောOneNote သည်Desktop Version
လောက်နက်နဲရှုပ်ထွေးမှုမရှိသော်လည်းtool
အတော်များများလျော့နည်းသွားသည်ကိုတွေ့ရပါသည်။tool များအထိုင် မငြိမ်
မှုကြောင့်အမျိုးမျိုးသောdevice များပေါ်၌OneNote ကိုအသုံးပြုရာ တွင်
ရှုပ်ထွေးမှုများရှိလာပါသည်။OneNote ကိုကျွမ်းကျွမ်းကျင်ကျင် သုံးလိုလျှင်
လေ့လာသင်ယူမှုပြုလုပ်ရန်လည်းလိုအပ်ပါသည်။OneNote သည်လုပ်ငန်းသုံးSoftware
ဖြစ်သလိုလူအများပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အကောင်းဆုံးSoftware
ဖြစ်သည်ကိုယုံမှားသံသယရှိစရာမလိုပါ။သို့သော် Web Version ကDesktop Version
ထက်အားနည်းခြင်း၊Evernoteနှင့်
ယှဉ်လျှင်အချိန်ပေးလေ့လာရန်လိုအပ်ခြင်းစသည်တို့ကို ပြုပြင်ရန် လိုအပ်ပါ
လိမ့်မည်။
<Simplenote>
ဤSoftware
သည်အရွယ်ပမာဏအသေးဆုံးနှင့်အထက်မြက်ဆုံး ဖြစ်သော် လည်း Evernoteနှင့်OneNote
တို့လိုအသုံးပြုနိုင်သော နယ်ပယ် မကျယ်ပါ။
မှတ်စုမျိုးစုံထုတ်ပြီးစနစ်တကျစုစည်းထားနိုင်သည်။ယင်းကိုtag များတွဲနိုင်
သည်။ပြီးလျှင်အလွယ်တကူပြန်ရှာကာအသုံးပြုနိုင်ပါသည်။မိမိ၏မှတ်စုများအားစိတ်ဝင်စားဖွယ်ဖြစ်အောင် Format
အမျိုးမျိုးလုပ်နိုင်သော်လည်း Formatting Control တွင်OneNote
နှင့်Evernoteတို့လောက်မကောင်းပါ။
Deviceပေါင်းစုံပေါ်မှနေ၍Simplenoteကိုသုံးရခြင်းမှာအထူးအဆင်ပြေပါ သည်။ကလစ်တစ်ချက်ခေါက်ရုံဖြင့်မိမိ၏မှတ်စုကိုအခြားသူတစ်ဦးထံအလွယ်တကူပေးပို့နိုင်ပါသည်။ Software ထုတ်လုပ်ရာမူရင်းWebsite သို့မိမိ၏ မှတ်စုအား ပေးပို့ခြင်းဖြင့်လူတကာဖတ်နိုင်သောမှတ်စုအဖြစ်Publish လုပ်နိုင်ပါသည်။Evernoteကဲ့သို့Premium Version မထားရှိခြင်းကြောင့် အသုံးပြုနိုင်စွမ်းနိမ့်ကျခြင်းကိုSimplenoteတွင်တွေ့ရမည်မဟုတ်ပါ။
Web Version နှင့်Desktop Version နှစ်မျိုးစလုံးသည်Word Count အထောက်အပံ့ပေးပါသည်။OneNote နှင့်Evernoteတွင်ဤ လုပ်ဆောင်နိုင် စွမ်း မပါဝင်ပါ။သို့ရာတွင်Simplenoteအထဲတွင်ရုပ်ပုံဓာတ်ပုံများ မထည့်သွင်း နိုင်ခြင်းWeb Page များမှနေ၍မှတ်စုထုတ်ပြီးမထည့်သွင်းနိုင်ခြင်းစသော အားနည်းချက်များကို ပြုပြင်ရပါမည်။Android နှင့်iOS apps များသာမက Windows Version ထွက်လာအောင်လည်းကြိုးစားသင့်ပါသည်။
Deviceပေါင်းစုံပေါ်မှနေ၍Simplenoteကိုသုံးရခြင်းမှာအထူးအဆင်ပြေပါ သည်။ကလစ်တစ်ချက်ခေါက်ရုံဖြင့်မိမိ၏မှတ်စုကိုအခြားသူတစ်ဦးထံအလွယ်တကူပေးပို့နိုင်ပါသည်။ Software ထုတ်လုပ်ရာမူရင်းWebsite သို့မိမိ၏ မှတ်စုအား ပေးပို့ခြင်းဖြင့်လူတကာဖတ်နိုင်သောမှတ်စုအဖြစ်Publish လုပ်နိုင်ပါသည်။Evernoteကဲ့သို့Premium Version မထားရှိခြင်းကြောင့် အသုံးပြုနိုင်စွမ်းနိမ့်ကျခြင်းကိုSimplenoteတွင်တွေ့ရမည်မဟုတ်ပါ။
Web Version နှင့်Desktop Version နှစ်မျိုးစလုံးသည်Word Count အထောက်အပံ့ပေးပါသည်။OneNote နှင့်Evernoteတွင်ဤ လုပ်ဆောင်နိုင် စွမ်း မပါဝင်ပါ။သို့ရာတွင်Simplenoteအထဲတွင်ရုပ်ပုံဓာတ်ပုံများ မထည့်သွင်း နိုင်ခြင်းWeb Page များမှနေ၍မှတ်စုထုတ်ပြီးမထည့်သွင်းနိုင်ခြင်းစသော အားနည်းချက်များကို ပြုပြင်ရပါမည်။Android နှင့်iOS apps များသာမက Windows Version ထွက်လာအောင်လည်းကြိုးစားသင့်ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal