1/08/2016

♪ Snapdragon 820 ပါဝင်သည့် Xiaomi Mi 5 ကို ဖေဖော်ဝါရီတွင် မိတ်ဆက်မည် ♫


ဖေဖော်ဝါရီလ ၈ ရက်တွင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးတွင် မိတ်ဆက်ရန်အတွက် Xiaomi Mi 5 ကို လက်ရှိတွင် အလုံးအရင်းဖြင့် ထုတ်လုပ်နေကြောင်း Xiaomi ကို တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သည့် လီဝမ်ကျင်းက တရုတ် microblogging site ဖြစ်သော Weibo မှ အတည်ပြု ပြောကြားလိုက်သည်။

ထို့အပြင် Mi 5 တွင် Snapdragon 820 ကို အသုံးပြုမည်ဖြစ်ကြောင်းလည်း လီက ပြောကြားခဲ့သည်။ Mi 5 တွင် 4GB RAM ပါဝင်ပြီး 32GB နှင့် 64GB အမျိုးအစားများဖြင့် ရရှိနိုင်မည်ဟု ဆိုသည်။


အခြားသော ကောလာဟလ သတင်းများကလည်း Mi 5 ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး လက်ဗွေဖတ်စနစ်နှင့် QHD display အပြင် 16MP ပင်မကင်မရာ၊ 13MP front-facing ကင်မရာနှင့်အတူ Qualcomm ၏ Quick Charge 3.0 ထောက်ပံ့ပေးထားသော 3,600mAh ဘက်ထရီတို့ ပါဝင်မည်ဟု ဖော်ပြခဲ့ကြသည်။

ထို့အပြင် Mi 5 တွင် pixel သိပ်သည်းဆ 565 ppi ရှိသော ၅.၂ လက်မ display ပါဝင်လာမည်ဟု သတင်းများက ဖော်ပြခဲ့ကြသလို တန်ဖိုးအနေဖြင့်လည်း အမေရိကန်ဒေါ်လာ ၃၁၀ နှင့် ၃၉၀ အသီးသီးကျသင့်မည်ဟု ဆိုကြသည်။ သို့ရာတွင် အဆိုပါ တန်ဖိုးများကို ကုမ္ပဏီမှ အတည်ပြုထားခြင်း မရှိသေးပေ။

Ref: AndroidAuthority
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com