1/08/2016

♪ Honor 5X ကို အမေရိကန်တွင် ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချမည် ♫


Huawei သည် Honor 5X စမတ်ဖုန်းကို လက်စ်ဗီးဂက်စ်မြို့ရှိ CES ကွန်ဖရင့်တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

ပထမဦးဆုံး အနေဖြင့် Huawei သည် လူအများစိတ်ဝင်စားသည့် specs များပါဝင်သော ကန်ဒေါ်လာ ၂၀၀ တန်ကြေးရှိ 5X စမတ်ဖုန်းဖြင့် သုံးစွဲသူများစွာကို ဆွဲဆောင်ရန် ရည်မှန်းထားသည်။ ဒုတိယအချက်အားဖြင့် 5X သည် Huawei GX8 မော်ဒယ်နှင့် ဈေးနှုန်းမှလွဲ၍ အလွန်ဆင်တူသည်။

ဇန်နဝါရီလ ၃၁ ရက်တွင် စတင်ရောင်းချမည့် Honor 5X သည် GX8 ၏ မျက်နှာပြင်အရွယ်အစား၊ internal specs နှင့် တစ်ဝေတစ်သိမ်းတူညီနေသည်။ Honor 5X ၏ မျက်နှာပြင်သည် ၅.၅ လက်မအရွယ်ရှိပြီး ရုပ်ထွက် အရည်အသွေး 1,920x1,080 ရှိသည်။ ၎င်းတွင် Emotion UI (EMUI) 3.1 နှင့်အတူ Android 5.1 Lollipop ကို အသုံးပြုထားသည်။ ကျောဘက်ကင်မရာက 13-megapixel ရှိပြီး ရှေ့ကင်မရာမှာ 5-megapixel ဖြစ်သည်။ ထို့အပြင် Honor 5X တွင် 1.5GHz octa-core Qualcomm Snapdragon 615 ပရိုဆက်ဆာနှင့် ဘက်ထရီ 3,000mAh တို့ပါဝင်လာသည်။

5X သည် Huawei ၏ “Honor” ဖုန်းများအနက် ပဉ္စမမြောက် “X” မော်ဒယ်ဖုန်းဖြစ်သလို အမေရိကန်သို့ တင်ပို့ရောင်းချမည့် ပထမဆုံး အမှတ်တံဆိပ်ခွဲတစ်ခုလည်း ဖြစ်သည်။ Honor 5X ကို ငွေနှင့် မီးခိုးရောင်အပြင် ရွှေရောင်လည်း ထုတ်လုပ်ထားသည်။

Ref: AndroidAuthority
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com