1/16/2016

♪ “Snapdragon 820 Processor ထည့်သွင်းထားတဲ့ ပထမဆုံး LeTV Le Max Pro ကို မိတ်ဆက်” ♫


တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ LeTV ရဲ့ Le Max Pro ကို CES တွင် Qualcomm က ကြေညာ လိုက်ပါတယ်။ ပထမဆုံး Snapdragon 820 Processor ထည့်သွင်းထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

LeTV Le Max Pro မှာ ၆.၃ လက်မ 2560x1440 Pixels Resolution Display တပ်ဆင် ထားပါတယ်။ 4GB RAM ပါရှိပါတယ်။ အနောက်ဘက်မှာ 21MP Camera ထည့်သွင်းပေးထား ပါတယ်။ Android 6.0 Marshmallow ကို LeTV Skin နဲ့ ပေါင်းစပ်ထားပါတယ်။ အလွန်လျင်မြန်စွာ အလုပ်လုပ်နိုင်တဲ့ Fingerprint Technology ထည့်သွင်းပေးထားပါတယ်။

ကုမ္ပဏီက ရောင်းချမယ့် ဈေးနှုန်း နဲ့ နေ့ရက်ကို ကြေညာခြင်းမရှိသေးပေမယ့် တရုတ် ၀က်ဆိုက်တစ်ခု ရဲ့ ဖော်ပြချက်အရ တရုတ်ယွမ် ၃၅၀၀ ( ဒေါ်လာ ၅၃၅) ဖြင့် တရုတ်တွင် ရောင်းချမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com