Skype တွင် ဘာသာစကား မတူညီသော လူမျိုးများ ဆက်သွယ်စကားပြောလျှင်
ဘာသာပြန်ပေးနိုင်သည့် Translator စွမ်းဆောင်ချက်ကို Windows Users
အားလုံးတွင် အသုံးပြုနိုင်ပြီဟု ကုမ္ပဏီက ကြေညာပါသည်။ အဆိုပါ
စွမ်းဆောင်ချက်ကို အသုံးပြုရန် App ၏ ညာဘက်ထိပ်ရှိ ကမ္ဘာလုံး အိုင်ကွန်ကို
နှိပ်ရမည်ဖြစ်သည်။
အသံဖြင့် ဆက်သွယ်စကားပြောရာတွင် စဉ်ဆက်မပြတ် ဘာသာပြန်ပေးသည့် စွမ်းဆောင်ချက်ကို အသုံးပြုနိုင်သည့် ဘာသာစကားများတွင် တရုတ် မန်ဒရင်း၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီနှင့် စပိန်တို့ ပါဝင်ပါသည်။
Microsoft ၀ယ်ယူထားသော Skype က အဆိုပါ စွမ်းဆောင်ချက်နှင့် ပတ်သက်သည့် စိတ်ဝင်စားစရာ သတင်းအချက်အလက်များကိုလည်း ဖော်ပြလိုက်ပါသည်။ ဥပမာအားဖြင့် ပြင်သစ်မှ အင်္ဂလိပ်ဘာသာစကား သို့ ပြန်ဆိုမှုကို အများဆုံး အသုံးပြုကြပြီး အဆိုပါ စွမ်းဆောင်ချက်ကို ဖြန့်ချီစဉ်သည့် နေ့မှ စ၍ တစ်နေ့လျှင် ဖုန်းခေါ်ဆိုမှုမှာ ၄၀၀ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ပြောပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို Windows PC မှ အသုံးပြုရန် နောက်ဆုံး Skype Version ကို အသုံးပြုရမည်ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal