1/17/2016

♪ Samsung က iPhone 6s တွင်ပါဝင်သော Live Photo Feature ကို Samsung Galaxy S7 တွင်ထည့်သွင်းရန်စီစဉ်နေ ♫

254303-1280

Samsung မှမကြာမီထွက်ရှိတော့မည့် Samsung Galaxy S7 တွင် Apple iPhone 6s တွင်ပါဝင်သည့် Live Photo Feature ကဲ့သို့သော feature အသစ်ကိုထည့်သွင်းရန်စီစဉ်နေကြောင်းသတင်းများထွက်ရှိလာသည်။ သတင်းများအရ Samsung သည် ယင်း Live Photo Feature ကို “Vivid Photo” ဟုအမည်ပေးထားပြီး Apple ၏ Live Photo feature နှင့်ထပ်တူနီးပါးဆင်တူနေဖွယ်ရှိကာ အနည်းငယ်သာကွဲပြားနိုင်ကြောင်း နည်းပညာ Website များကဝေဖန်မှုများရှိနေသည်။ Apple ၏ Live Photo Feature သည် ရိုက်ကူးထားသောဓာတ်ပုံများပေါ်တွင် 3D Touch ကိုဖိ၍သက်ဝင်လှုပ်ရှားမှုရှိသောပုံရိပ်အဖြစ်ပြန်လည်ကြည့်ရှုနိုင်သော feature ဖြစ်သည်။


စမတ်ဖုန်းများနှင့်ပတ်သက်သောသတင်းများကိုတင်ဆက်နေသည့် Android Geek Website ကမူ “ကျွန်တော်တို့ရဲ့တိတိကျကျရရှိထားတဲ့သတင်းအရ တောင်ကိုရီးယား Mobile Phone Maker ရဲ့ Software Engineer တွေဟာ၎င်းတို့ရဲ့အသစ်ထွက်လာမယ့် Samsung Galaxy S7 မှာ iPhone 6s မှာပါဝင်တဲ့ Live Photo Feature နဲ့ခပ်ဆင်ဆင် Vivid Photo လို့အမည်ပေးထားတဲ့ Live Photo feature ကိုစမ်းသပ်နေတယ်လို့သိရပါတယ် ။ ကွဲပြားမယ့်အချက်ကတော့ ဓာတ်ပုံရိုက်ပြီးတာနဲ့ GIF Format နဲ့ထုတ်ပေးပြီး Facebook ပေါ်ကို သက်ဝင်လှုပ်ရှားမှုရှိတဲ့ GIF image အနေနဲ့တိုက်ရိုက် upload လုပ်ပေးမယ့် feature တော့ပါဝင်ပါတယ်” ဟုရေးသားထားသည်ကိုလည်းတွေ့ရသည်။

251810-1280
Samsung Galaxy S7 တွင် iPhone 6s ၏ Screen ပေါ်တွင်ထိသည့်ဖိအားပေါ်မူတည်၍လုပ်ဆောင်ချက်အမျိုးမျိုးလုပ်ဆောင်ပေးနိုင်သည့် 3D Touch Feature ကဲ့သို့သော 3D Touch Like Pressure Sensitive Display ကို Samsung Galaxy S7 တွင်ထည့်သွင်းပေးမည်ဟုလည်းသတင်းများထွက်ရှိထားသည်။ Samsung Galaxy S7 ကို ၂၀၁၆ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင်ပြုလုပ်မည့် MWC Event မှာမိတ်ဆက်ပြသမည်ဖြစ်ကြောင်းသိရပါတယ်။

Ref:Android Geek
Thet Naing Soe (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com