1/01/2016

♪ “ Samsung Galaxy A9 တရားဝင် ထွက်ရှိ “ ♫


Samsung Galaxy A9 အား တရုတ်တွင် တရားဝင် ကြေညာသွားခဲ့ပြီး ယခင်ပေါက်ကြားခဲ့သော သတင်းများအတိုင်း တူညီခဲ့သည်။ Galaxy A9 သည် A-series တွင် ထိပ်တန်းအဆင့်ဖြစ်ပြီး သတ္တု၊ ဖန်သား များဖြင့် လှပစွာတည်ဆောက်ထားကာ ၆ လက်မအရွယ်ရှိ Full HD AMOLED display ပါဝင်သည်။ ဘေးဘောင်များ အထူးပါးလွှာပြီး 2.74mm သာရှိကြောင်း သိရသည်။

မကြာမီက အမည်ပြောင်းလဲခေါ်ဝေါ် ခဲ့သည့် Snapdragon 652 (ယခင် 620) အား သုံးစွဲထားပြီး RAM 3GB ပါဝင်သည်။ သိုလှောင်နိုင်စွမ်း 32GB ပါဝင်ပြီး လိုအပ်ပါက microSD ဖြင့် ထပ်မံတိုးမြှင့်နိုင် မည်ဖြစ်သည်။ 

အဓိကကင်မရာမှာ 13MP ဖြစ်ပြီး OIS (optical image stabilization) နှင့် f 11.9 aperture ပါဝင်သည်။ ရှေ့တွင် 8MP ကင်မရာအား သုံးစွဲထားသည်။ Galaxy A9 တွင် ကြီးမားသော အရွယ်အစားနှင့် လိုက်ဖက်ညီသည့် 4000mAh ဘက်ထရီပါဝင်ကာ Quick Charge ဖြင့် အားအမြန်သွင်းနိုင်ရန် အထောက်အပံ့ ပေးထားသည်။

Home ခလုတ်နေရာတွင် fingerprint sensor ပါဝင်မည်ဖြစ်သည်။ Wi-Fi a/b/g/n, Bluetooth 4.1, GPS, NFC စသည်တို့ ပါဝင်ကာ Samsung Pay ကိုလည်း သုံးစွဲနိုင်မည်ဖြစ်သည်။ Android 5.1 Lollipop ကို သုံးစွဲထားပြီး ဈေးနှုန်းနှင့် စတင်ရောင်းချမည့်ကာလကိုမူ မသိရသေးပေ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com