1/23/2016

♪ Myanmar Skills 2016-Web Design Skill ပြိုင်ပွဲ ကျင်းပမည် ♫


မြန်မာလူငယ်ပညာရှင်များအတွက် ရည်ရွယ်ကျင်းပမည့် Myanmar Skills 2016-Web Design Skill ပြိုင်ပွဲကြီးကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ မြန်မာနိုင်ငံကျွမ်းကျင်မှုပြိုင်ပွဲ ဦးစီကော်မတီမှ ကြီးမှူး၍ ၂၀၁၆ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

"အခု ကျွန်တော်တို့ ဒီပြိုင်ပွဲကို စမိတ်ဆက်တာပါ။ ပြိုင်ပွဲရဲ့ နာမည်ကတော့ Myanmar Skills 2016-Web Design Skill ခေါင်းစဉ်နဲ့ကျင်းပမှာပါ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့ Skill တွေ၊ ကျွမ်းကျင်မှုတွေကို ပြသခွင့်ရမှာဖြစ်ပြီးတော့ တကယ်ကျွမ်းကျင်တဲ့သူတွေကို နိုင်ငံတကာအဆင့် ထိရောက်အောင် ကျွန်တော်တို့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။

တကယ့်ပြိုင်ပွဲမှာတော့ Skill တွေက အများကြီးပါ။ ဒါပေမဲ့ ၂၀၁၆ မှာတော့ ကျွန်တော်တို့နိုင်ငံက Web Design Skill ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဆုရသူတွေကို စက်တင်ဘာလမှာ ကျင်းပမဲ့ Asean Skill 2016 (Malaysia) ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တဲ့သူအားလုံးဟာ အသက် ၂၁ အောက် ဖြစ်ရပါမယ်။ Web Design ကိုလည်း အခြေခံနားလည်တတ်ကျွမ်းရပါမယ်။ ပြိုင်ပွဲဝင်လျှောက်လွှာတွေထဲကမှ ကျွန်တော်တို့ လူကိုပြန်လည်ရွေးချယ်သွားဦးမှာပါ" ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ်မှ Central Executive Committee Member ဦးအောင်စိုးမိုးက ပြောပြခဲ့သည်။

ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲလျှောက်လွှာပုံစံကို www.mcf.org.mm တွင် Download ရယူနိုင်မည်ဖြစ်ပြီး အသေးစိတ်ဖြည့်စွက်ကာ ရန်ကုန်မြို့၊ တက္ကသိုလ်များလှိုင်နယ်မြေ၊ MICT Park အတွင်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ်သို့ ဖေဖော်ဝါရီလ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် လူစာရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် Skill Coaching သင်တန်းသို့ တက်ရောက်ရ မည်ဖြစ်ကာ မတ်လအတွင်း ကျင်းပပြုလုပ်မည့် Myanmar Skills 2016-Web Design Skill သို့ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အထူးချွန်ဆုံးသော ပြိုင်ပွဲဝင်များကို စက်တင်ဘာလတွင် ကျင်းပမည့် Asean Skill 2016 (Malaysia) တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဖုန်း-၀၁ ၆၅၂၃၀၇ နှင့် ဖုန်း-၀၁ ၂၃၀၅၂၃၃ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com