1/19/2016

♪ Microsoft က Processor အသစ်များသည် Windows 10 နှင့်သာ အလုပ်လုပ်မည်ဟု ကြေညာ ♫

3

ပီစီအသစ်များ ၀ယ်ယူလျှင် Windows 7, 8 တို့ကို အသုံးပြု၍ မရတော့ဟု Microsoft က ကြေညာပါသည်။ ထို့အတွက် Intel, AMD, Qualcomm Processor အသစ်များ ထည့်သွင်းထားသော ပီစီများတွင် Windows 10 ကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။

ပီစီအသစ်များတွင် Operating System အဟောင်းများကို အသုံးပြုလျှင် Updates များမရခြင်း၊ အလုပ်ကောင်းစွာ မလုပ်ခြင်း စသည့် ပြဿနာများ ရှိလာမည်ဖြစ်သည်။ Intel ၏ လက်ရှိ Skylake Processor များမှစ၍ အဆိုပါ မူဝါဒသည် အကျိုးသက်ရောက်မည်ဖြစ်သည်။ နောက်ပိုင်းထုတ်မည့် Intel Kaby Lake Silicon, Qualcomm 8996 Silicon , AMD Bristol Ridge Silicon Processor များကို Windows 10 နှင့်သာ တွဲဖက် အသုံးပြုနိုင်မည်ဖြစ်သည်။

မူဝါဒအသစ်သည် Windows 7 , 8.1 အသုံးပြုနေသူများအတွက် Updates များ မရတော့ဟု မဆိုလိုပါ။ OS နှစ်ခုသည် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့နှင့် ၂၀၂၃ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့အထိ Updates များကို အသီးသီးရရှိမည်ဖြစ်သည်။

မူဝါဒအသစ်ကြောင့် Microsoft ၏ လက်တွဲဖက် Hardware ထုတ်လုပ်သူများသည် OS အဟောင်းများအတွက် Software Update များကို ထုတ်လုပ်ပေးရန်မလိုသည့် အတွက် အဆင်ပြေစေသကဲ့သို့ Windows 10 အသုံးပြုမှုများပြားလာမည့်အတွက် Microsoft အတွက်လည်း အကျိုးကျေးဇူးရှိစေပါသည်။ Microsoft က Windows 10 သည် နောက်ဆုံး ၀င်းဒိုးဗားရှင်းဖြစ်ပြီး ထုတ်ကုန်တစ်ခုမဟုတ်ဘဲ ၀န်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com