1/20/2016

♪ “MEIZU ကုမ္ပဏီ၏ ယခုနှစ်တွင် ထုတ်လုပ်လိုက်သော စမတ်ဖုန်း(၄)မျိုးကို မြန်မာနိုင်ငံ၌ တရားဝင်မိတ်ဆက်” ♫


MEIZU ကုမ္ပဏီ၏ ယခုနှစ်တွင်ထုတ်လုပ်လိုက်သော စမတ်ဖုန်း (၄)မျိုးကို မြန်မာနိုင်ငံ၌တရား ၀င်မိတ် ဆက်ခြင်းအခမ်းအနားကို ၁၃-၁-၂၀၁၆ ဗုဒ္ဓဟူးနေ့တွင်မန္တလေးမြို့၊ Sedona ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ MEIZU မှ တာဝန်ရှိလူကြီးမင်းများ၊ Mobile Phone အရောင်းဆိုင်မှ ဧည့်သည်တော်များ၊ မီဒီယာအသီးသီးမှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြောင်းသိရသည်။ MEIZU Technology ကုမ္ပဏီသည် တရုတ်နိုင်ငံမှအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် နေသော နံပါတ် ၁ ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် 20 Millions ရောင်းအားရှိခဲ့သော Smart Phone ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။ 

MEIZU ကုမ္ပဏီအနေဖြင့် ယခုလက်ရှိအချိန်၌ UK, Germany, France, Spain, Israel, Russia, Ukraine, Indonesia, Hong Kong နှင့် India တို့တွင် အောင်မြင်စွာ ရောင်းချပေးလျက်ရှိပြီး အရှေ့တောင်အာရှသို့ နောက်ထပ် ခြေလှမ်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် Smart Phone (4) မျိုး (PRO 5, MX 5, M2 Note နှင့် M2) ကို တရားဝင်မိတ်ဆက်ကာ မြန်မာနိုင်ငံရှိ Oriental Zebra ကုမ္ပဏီနှင့် လက်တွဲလုပ်ဆောင်ပြီး MEIZU ၏ လှပသေသပ်၍ စွမ်းဆောင်ရည်မြင့်သော စမတ်ဖုန်းများကို ဈေးကွက်အတွင်းရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Meizu Smart Phone များကို အမြို့မြို့ အနယ်နယ်ရှိ Mobile Phone အရောင်းဆိုင်များ၏ Meizu Counter များတွင် Official Warranty 1 year ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်အောင်
Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com