1/15/2016

♪ “LG က ပထမဆုံး K Series စမတ်ဖုန်းနှစ်လုံးကို မိတ်ဆက်” ♫


LG က CES တွင် ပထမဆုံး K Series စမတ်ဖုန်းနှစ်လုံးကို မိတ်ဆက်လိုက်ပါ တယ်။ အရည်အသွေးမြင့် ဒီဇိုင်းဖြစ်ပေမယ့် တန်ဖိုးနည်းဖုန်းများဖြစ်ပါတယ်။

<LG K10>
LG K10 တွင် ၅.၃ လက်မ 720p Display , 2300mAh Battery, Android 5.1 တပ်ဆင်ထားပြီး အဖြူ၊ ခရမ်းနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထား ပါတယ်။ အခြား Specification များကတော့ နိုင်ငံအလိုက်ကွဲပြားပါတယ်။ LTE နဲ့ 3G နှစ်မျိုးထုတ်လုပ်ပေးထား ပါတယ်။ LTE အမျိုးအစားတွင် 13MP Rear Camera နဲ့ 3G အမျိုးအစားတွင် 8MP Rear Camera တပ်ဆင်ထားပါ တယ်။ အရှေ့ဘက် တွင် 8MP နဲ့ 5MP အသီးသီးတပ်ဆင်ပေးထားပါတယ်။ နိုင်ငံပေါ်မူတည်ပြီး 1, 1.5, 2GB RAM များ ရောင်းချပေးမှာပါ။ Storage အပိုင်း တွင် 8GB , 16GB နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ LTE အမျိုး အစားတွင် CPU လေးမျိုးထုတ်လုပ်ပေးထားပြီး 1.2GHz, 1.3GHz, 1.14GHz Octa-Core များကို နိုင်ငံပေါ်မူတည်ပြီး ရောင်းချမှာပါ။ 3G အမျိုးအစားတွင် 1.3GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။

<LG K7>
၅လက်မ 854x480 Display , 2125mAh Battery , 5MP Selfie Camera, Android 5.1 တပ်ဆင်ထားပါတယ်။ LTE နဲ့ 3G နှစ်မျိုးထုတ်လုပ်ပေးထားပြီး ရောင်းချမယ့်နိုင်ငံအပေါ်မူတည်ပြီး အခြား Specification များမှာ ကွဲပြားပါ တယ်။ LTE အမျိုးအစားတွင် 1.1GHz Quad-Core Processor နဲ့ 3G အမျိုး အစားတွင် 1.3GHz Quad-Core Processor ထည့်သွင်းထားပါတယ်။ အနောက်ဘက် ကင်မရာကို 8MP နှင့် 5MP နှစ်မျိုးနဲ့ RAM ကို 1.5GB နဲ့ 1GB နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Storage ကတော့ 8GB နဲ့ 16GB တို့ဖြစ်ပါ တယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com