1/06/2016

♪ ကမ္ဘာ့အပါးလွှာဆုံး လက်တော့ပ်ကို Lenovo မိတ်ဆက် ♫


Lenovo သည် Yoga 900S ဟုခေါ်သော နောက်ဆုံးပေါ် convertible လက်တော့ပ်တစ်မျိုးကို CES ပြပွဲတွင် မိတ်ဆက်ခဲ့သည်။

Yoga 900 ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးအောင် ပြုလုပ်ထားသော Yoga 900S တွင် Intel ၏ နောက်ဆုံးပေါ် Core M ပရိုဆက်ဆာများကို အသုံးပြုထားသည်။

900S တွင် Lenovo က chipset ပြောင်းလဲမှုအပြင် အရွယ်အစား ပိုမိုသေးငယ်အောင် ပြုလုပ်ထားသည်။ ယခင်နှစ်အမျိုးအစားတွင် ၁၃ လက်မ display ကို အသုံးပြုထားသော်လည်း ယခုအမျိုးအစားတွင် active stylus တစ်ခုထောက်ပံ့ပေးထားသော ၁၂.၅ လက်မ QHD panel ကို အသုံးပြုထားသည်။ အဆိုပါ လက်တော့ပ် အမျိုးအစားနှစ်ခုကို နှိုင်းယှဉ်ရာတွင် ထူးထူးခြားခြား ကွာခြားမှုမျိုး မရှိသော်လည်း Yoga 900S က ပိုမိုပေါ့ပါးသည်။ ပရိုဆက်ဆာနှင့် screen အရွယ်အစား သေးငယ်မှုက အလေးချိန်ကို ၂.၂ ပေါင်အထိသာ ရှိစေသောကြောင့် ၎င်းကို အလွယ်တကူသယ်ဆောင်အသုံးပြုနိုင်သည်။

ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားသော Lenovo Yoga 900S တွင် နာရီလက်ပတ်ပုံစံ ပတ္တာပါဝင်ပြီး ရွှေရောင်၊ ငွေရောင်တို့ဖြင့် ရရှိနိုင်သည်။

Yoga 900S ၏ အထူမှာ ၀.၅ လက်မသာရှိပြီး Lenovo ကမူ ကမ္ဘာ့အပါးလွှာဆုံး convertible လက်တော့ပ်ဟု ပြောကြားခဲ့သည်။ တန်ဖိုးက ၁,၀၉၉ ဒေါ်လာဖြစ်ပြီး မတ်လတွင် စတင်ရောင်းချမည် ဖြစ်သည်။

ထို့အပြင် Lenovo က Yoga 900S နှင့်အတူ Yoga mouse ကိုပါ မိတ်ဆက်ပေးခဲ့သည်။ ခရီးသွားလာရင်း အသုံးပြုနိုင်ရန် ရည်ရွယ်ဖန်တီးထားသော အဆိုပါ mouse ကို သာမန် mouse အပြင် remote control အနေဖြင့်ပါ ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းကို ဧပြီလတွင် ၆၉.၉၉ ဒေါ်လာဖြင့် ရောင်းချရန် Lenovo က စီစဉ်ထားသည်။


Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com