1/06/2016

♪ ၉၀ ရာခိုင်နှုန်း သတ္တုဖြင့် ပြုလုပ်ထားသော Huawei GX8 ကို အမေရိကန်တွင် ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချမည် ♫


Huawei သည် အမေရိကန် စမတ်ဖုန်းဈေးကွက်သို့ ဝင်ရောက်မည့် GX8 စမတ်ဖုန်းကို CES ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်း၏ ၉၀ ရာခိုင်နှုန်းကို သတ္တုဖြင့် ပြုလုပ်ထားပြီး OIS နှင့် finger scanner တစ်ခုပါဝင်သည်။ Display က ၅.၅ လက်မ 1080p Full HD display ဖြစ်ပြီး 64-bit octa-core Snapdragon 615 ကို အသုံးပြုထားသည်။

Huawei GX8 ၏ RAM က 2GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 16GB ဖြစ်သည်။ MicroSD slot တစ်ခုပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာက အရည်အသွေးမြင့်မားသော 13 megapixel ကင်မရာဖြစ်ပြီး ၎င်းကို optical image stabilization, sapphire lens ဖြင့် ရိုက်ကူးနိုင်သည်။ အလေးချိန်က ၁၆၇ ဂရမ်ဖြစ်ပြီး အထူက ၇.၅ မီလီမီတာဖြစ်ကာ ဘက်ထရီက 3,000mAh ဖြစ်သည်။

Huawei GX8 ကို မတ်လတွင် စတင်ရောင်းချမည်ဖြစ်ပြီး Amazon နှင့် GetHuawei.com မှတစ်ဆင့် ဒေါ်လာ ၃၅၀ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

Ref: AndroidAuthority
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com