1/19/2016

♪ Lenovo ရဲ့ အရည်အသွေးမြင့် - “Lenovo Vibe P1” ♫


၂၀၁၆ ခုနှစ်ရဲ့ ဟန်းဆက်ကောင်းများဟာမျက်နှာပြင်အရွယ်အစားကြီးမားရုံ သာမကကင်မရာစွမ်းရည်ပိုင်း များလည်းတိုးတက်ကောင်းမွန်လာကြမှာဖြစ် ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းကတန်ဖိုးကြီးစမတ်ဖုန်းများရဲ့ အဓိက ကင်မရာသည် အနိမ့်ဆုံးအရည်အသွေးအားဖြင့် 13MPစွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ရဲ့ အနေအထားသည်လည်း 5MP စွမ်းရည်ပါ။ ဟန်းဆက် ကိုင်ဆောင်သုံးစွဲသူအများစုဟာ ဓာတ်ပုံ ရိုက်ကူးခြင်းကို ၀ါသနာပါကြသော ကြောင့် ဖုန်းကုမ္ပဏီများအနေဖြင့် ကင်မရာစွမ်းရည်များကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပေးလာကြခြင်းဖြစ်ပါတယ်။

ဟန်းဆက်ကောင်းများကို ထုတ်လုပ်နေသည့် တံဆိပ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်တာက Lenovo ဖြစ်ပါတယ်။ Lenovo သည်လည်းဟန်းဆက်များကိုSeries အလိုက် ထုတ်လုပ်ပါတယ်။ Vibe P1 သည် 2G, 3G, 4G Network များကိုပေးစွမ်းနိုင် မယ့် ဟန်းဆက်ဖြစ်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ဟာ ထိပ်ဘက်ထောင့် များတွင် အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 152.9 x 75.6 x 9.9 mm ရှိပြီးအလေးချိန်သည် 189g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်ကတော့ Nano Simပါ။ IPS Capacitive Touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5.5 inches ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် ပုံရိပ်များကို ကျယ်ဝန်းစွာ ခံစား ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထား သောPixels ပမာဏကတော့ 1080 x 1920 ပါ။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆသည် 401ppi ဖြစ်ပါတယ်။ Multitouchစနစ်တွင် လက်ချောင်းဆယ်ချောင်းအထက် အသုံးပြုနိုင်ပါမယ်။

ဖုန်းမျက်နှာပြင် အကြမ်းခံစေဖို့အတွက်လည်းGorilla Glass 3 ဖုံးအုပ်ပေးထား ပါသေးတယ်။ အဓိကကင်မရာဟာ13MPစွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ် ကတော့ 5MP စွမ်းရည်ပါ။ dual - LED (dual tone) flash လည်းပါရှိပါ သေးတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAMကို2GB ထည့်သွင်း ပေးထား ပြီး Internal Storage တွင် 32GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။ အချက်အလက် အများအပြားသိမ်းဆည်းနိုင်ဖို့ အတွက်လည်း Cardslot စနစ်ပါရှိပါသေးတယ်။ ထည့်သွင်းပေး ထားသောChipset အမျိုးအစား ကတော့ Qualcomm MSM8939 Snapdragon 615 ဖြစ်ပါတယ်။

CPU ရဲ့ စွမ်းရည်မှာQuad-core 1.5 GHz Cortex A53& quad-core 1.0 GHz Cortex-A53 ဖြစ်ပြီးGPU မှာAdreno 405 ပါ။ ထည့်သွင်းပေးထားသော ဘက်ထရီအမျိုးအစားမှာLi-Po 5000 mAhဖြစ်ပြီ3းG Network တွင် အသင့် အနေအထား၌ နာရီ ၆၀၀ နီးပါးနှင့် စကားပြောဆိုဖို့အတွက် ၄၄ နာရီ နီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ Fast Battery Charging စနစ်လည်း ထည့်သွင်း ပေးထား ပါသေးတယ်။

<Specification>
Network - GSM/ HSPA/LTE
Processor - QC 1.5GHz & QC 1GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.1
Storage - 32GB, up to 128GB
OS - Android OS,v 5.1
Contact - 09-73171213
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>