Lenovo သည် ဈေးသက်သာပြီး အရည်အသွေးကောင်းမွန်သည့်
ဖုန်းအသစ်တစ်လုံးအားထပ်မံ ထုတ်လုပ်ပေးခဲ့ပြီး Lemon 3 ဟာ အမည်ပေးခဲ့သည်။ ၅
လက်မအရွယ် ISP LCD ပါဝင်ပြီး 1080 x 1920 pixels resoution (441 ppi)
ရှိသည်။
142 x 71 x 8 mm အရွယ်အစားရှိပြီး 142 g လေးသည်။ Qualcomm ၏ Snapdragon 616 SoC အား သုံးထားပြီး quad-core 1.5 GHz နှင့် 1.2 GHz နှစ်ခုအား ပေါင်းစပ်ထားသည့် octa-core processor ဖြစ်သည်။ ဂရပ်ဖစ်အတွက် Adreno 405 ကိုသုံးထားသည်။ ဖုန်းအတွက် RAM 2 GB နှင့် storage 16 GB ထောက်ပံ့မှုပေးထားပြီး micro SD နှင့်လည်း ထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။
အဓိကကင်မရာမှာ 13MP ဖြစ်ပြီး Full HD 1060 p ဗီဒီယိုရိုက်ကူးပေးနိုင်သည်။ ရှေ့ဘက်တွင် 5 MP ကင်မရာပါဝင်သည်။ Connectivity အနေဖြင့် WiFi 802. 11 b/g/n , Bluetooth 4.0 , GPS စသည်တို့ပါဝင်ပြီး micro USB 2.0 ဖြင့်လည်း ချိတ်ဆက်နိုင်သည်။ Li-Po- 2750 mAh ဘက်ထရီအားသုံးစွဲထားကြောင်းသိရသည်။
Android 5.1 Lollipop အား သုံးထားကာ 4 G LTE ကိုလည်း ထောက်ပံ့ပေးနိုင်သည့် dual-SIM ဖုန်းဖြစ်သည်။ တရုတ်တွင် ဒေါ်လာ ၁၀၅ ၀န်းကျင်ဈေးဖြင့် ရောင်းချမည်ဖြစ်သည်။
NetGuide Journal (Every Wednesday) https://www.facebook.com/officialnetguidejournal