1/25/2016

iPhone 6 နှင့်ဆင်တူသော ၄ လက်မအရွယ် iPhone ဓာတ်ပုံ ထွက်ပေါ်လာ





Apple က ၄ လက်မ iPhone သစ်ကို မတ်လ သို့မဟုတ် ဧပြီလတွင် ဖြန့်ချိမည်ဟူသောသတင်းများ ထွက်ပေါ်လာပြီးနောက် ဂစ်ရက်ဂါစ်ဆိုသူက iPhone 5 နှင့် ယှဉ်ကာ ဖော်ပြထားသော စမတ်ဖုန်းသစ်၏ ဓာတ်ပုံတစ်ပုံကို ဒတ်ခ်ျဝက်ဘ်ဆိုက် One More Thing တွင် ဝေမျှခဲ့သည်။ အဆိုပါ ဓာတ်ပုံကို မှတ်ပုံတင်ကာ သုံးစွဲရသော ဝက်ဘ်ဆိုက်၏ ဖိုရမ်တွင် ဝေမျှခဲ့ခြင်းဖြစ်သည်။

၎ လက်မအရွယ် iPhone သည် iPhone 5 နှင့် အရွယ်တူညီသော်လည်း ကွေးညွှတ်ထားသော ဖန်သားပြင်အနားစွန်းများ၊ ပါးလွှာသည့် bezel များ၊ နေရာပြောင်းထားသည့် FaceTime ကင်မရာ၊ ဆေးလုံးပုံစံ အသံအတိုးအကျယ်ခလုတ်များနှင့် ညာဘက်ဘေးသို့ ပြောင်းရွှေ့ထားသည့် power ခလုတ် အပါအဝင် အသွင်အပြင်က iPhone 6 နှင့် iPhone 6s ဆင်တူသည်။

အဆိုပါဓာတ်ပုံသည် ၄ လက်မအရွယ် iPhone ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ၎င်းဓာတ်ပုံကို ဝေမျှခဲ့သည့် ဂစ်ရက်ဂါစ်ဆိုသူမှာ iPad Air ကို မမိတ်ဆက်မီ သုံးလခန့်အလိုတွင် အဆိုပါ tablet ၏ ဓာတ်ပုံများကို ဖော်ပြခဲ့သူဖြစ်သည်။

ကောလာဟလသတင်းများအရ ၄ လက်မအရွယ် iPhone သစ်တွင် ပါဝင်သော အစိတ်အပိုင်းများသည် iPhone 6 နှင့် တူညီပြီး A8 နှင့် M8 ချစ်ပ်များ၊ 8-megapixel ကျောဘက်ကင်မရာနှင့် Apple Pay အတွက် NFC တို့ပါဝင်ကြောင်း သိရသည်။

KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူကမူ Apple အနေဖြင့် ၄ လက်မအရွယ် iPhone နှင့် iPad Air 3 ကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဖြန့်ချိမည်ဟု ပြောကြားထားသည်။ အဆိုပါ ထုတ်ကုန်နှစ်မျိုးနှင့် Apple Watch စမတ်နာရီသစ်များကို ဆန်ဖရန်စစ္စကိုမြို့တွင် မတ်လ၌ကျင်းပမည့် ပွဲတစ်ခုတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။

Ref: MacRumors
 credit to internetjournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download