1/14/2016

♪ Internet Explorer ဗားရှင်းအဟောင်းများနှင့် Windows 8 ထောက်ပံ့မှုကို Microsoft ရပ်ဆိုင်း ♫


Microsoft သည် Windows 8 အပြင် Internet Explorer browser ဗားရှင်းအဟောင်းများဖြစ်သော IE 8, IE 9 နှင့် IE 10 ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Windows သုံးစွဲသူများအတွက် ၎င်း software များက အလုပ်ဆက်လုပ်နေမည် ဖြစ်သော်လည်း အားနည်းချက်ပြင်ဆင်မှုများ သို့မဟုတ် အခြားလုံခြုံရေး patch များအတွက် update ပေးတော့မည် မဟုတ်ကြောင်း သိရသည်။ ထို့ကြောင့် Windows ဗားရှင်းသစ်ကိုအဆင့်မြှင့်တင် သုံးစွဲခြင်း မရှိသော အွန်လိုင်းသုံးစွဲသူ အချို့အနေဖြင့် malware အန္တရာယ်ကို ဂရုပြုရန် လိုအပ်ကြောင်း Microsoft မှသတိပေးထားသည်။

Microsoft ၏ ဝက်ဘ်ဆိုက်တွင် လုံခြုံရေး patch များသည် တိုက်ခိုက်မှုများမှ ကွန်ပျူတာကို ကာကွယ်ပေးရန် လိုအပ်သည့်အရာဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားပြီး အဆင့်မြှင့်တင်ခြင်းက အလွန်အရေးကြီးကြောင်း အကြံပြုထားသည်။


Internet Explorer ဗားရှင်းအဟောင်းများ အသုံးပြုနေသည့် သုံးစွဲသူများအနေဖြင့် လုံခြုံရေး၊ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော Internet Explorer 11 ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ထို့အပြင် Microsoft က Windows 8 ထောက်ပံ့မှုကို အဆုံးသတ်ခဲ့ပြီး လုံခြုံရေး patch များနှင့် အခြား update များကိုလည်း ထပ်မံပေးတော့မည် မဟုတ်ပေ။ Windows 8 သုံးစွဲသူများသည် လုံခြုံရေး အားနည်းချက် မဖြစ်ပေါ်စေရန် Windows 8.1 သို့မဟုတ် Windows 10 ကိုအဆင့်မြှင့်တင်၍ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။

Windows 8.1 အဆင့်မြှင့်တင် သုံးစွဲမှုများအနေဖြင့် ထပ်ဆောင်း ထောက်ပံ့မှုကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၀ရက်တွင် ရရှိမည် ဖြစ်သလို Windows 10 အဆင့်မြှင့်တင်သူများကမူ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၄ရက်တွင် ထောက်ပံ့မှု ရရှိမည် ဖြစ်သည်။

Ref: TechCrunch
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com